1. Home
  2. Myanmar News

လူအုပ်စုလိုက် နေအိမ်အတွင်းဝင်ရောက်ကာ ရွှေ၊ ငွေ၊ လက်ဝတ်ရတာနာများ မွှေနှောက်ယူ

Myanmar News เม.ย. 10, 2560 view 1,509
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၂လမ်း၊ သိပ္ပံလမ်းနှင့် ပိတောက်လမ်းကြားရှိ ခြံဝန်းနေအိမ် အဆောက်အဦးအတွင်းသို့ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က လူအုပ်စု တစ်စုဝင်ရောက်ရှိလာကာ အိမ်ရှင်မိသားစုကို အပြင်မထွက်နိုင်ရန် ခြံတံခါးကို သော့ခတ်ထားပြီး အိမ်အတွင်းသို့ ဝင်ရောက်ကာ ရွှေ၊ ငွေ၊ လက်ဝတ်ရတာနာများ မွှေနှောက်ယူဆောင်သွားကြကြောင်း အိမ်ရှင်၏သမီးမှ ရဲစခန်းသို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်က ဖုန်းဆက်တိုင်ကြားခဲ့သည်။
 
 
 
 
 
ဖြစ်စဉ်မှာအဆိုပါအိမ်ရှင်မှာ အိမ်၊ ခြံ၊ မြေ လုပ်ငန်းကုမ္ပဏီတစ်ခု၏ ဒါရိုက်တာဖြစ်ပြီး ကုမ္ပဏီအစုရှယ်ယာဝင်များက ရှယ်ယာများပြန်ထုတ်ပေးရန် အတွက် တွေ့ဆုံခွင့်တောင်းရာ၊ တွေ့ခွင့်မရသည့်အဆုံး အိမ်အတွင်းသို့ လူစု၍ အတင်းဝင်ရောက်ခဲ့ပြီး အိပ်ခန်းများအတွင်းရှိ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို ယူဆောင်သွားရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
 
 
 
 
တိုင်ကြားချက်အရ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ၊ အမှတ် (၁၁) နယ်မြေရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့သစ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ သွားရောက်
စစ်ဆေးကာ ဥပဒေမဲ့လုပ်ရပ်များ မလုပ်ရန်၊ ငွေရေးကြေးရေး ရစရာရှိသည်များကို ဥပဒေအတိုင်း ဖြေရှင်းကြရန် ညှိနှိုင်းပေးကြောင်း သတင်းရရှိသည်။
 
Source:TheMandalayNewsJournal
 


Follow us on