1. Home
  2. Myanmar News

လက်ပံတောင်းတောင်ဒေသ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားရိုက်ကူး

Myanmar News เม.ย. 10, 2560 view 1,644
ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် လက်ပံတောင်းတောင်ဒေသတွင် စီမံကိန်းများအတွက် လယ်သိမ်း၊ မြေသိမ်းမှုကြောင့် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ၍ အဆိုပါဒေသတွင် ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေပြီဖြစ်သည်။
 
အဆိုပါဇာတ်ကားတွင် အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်နှင့် ဇေရဲထက်တို့ ခေါင်းဆောင် ပါဝင်ခဲ့ကြပြီး ဒါရိုက်တာသန့်စင်အောင်မှ ရိုက်ကူးပုံဖော်ပေးထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် ဆန္ဒပြရင်း သေနတ်ထိမှန်သေဆုံးခဲ့ရသည့် လယ်သူမကြီး ဒေါ်ခင်ဝင်း၏ နေရာတွင် အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်ထားကြောင်းသိရှိရသည်။ 
 
 
ရိုက်ကူးခွင့်ကျထားသည့် အဆိုပါဇာတ်ကားသည် တစ်ကယ်ဖြစ်ရပ်မှန်ကို အခြေခံထားသည့် အနုပညာတစ်ခုအဖြစ်သာ သဘောထားပြီး ဇာတ်ဝင်ခန်း၊ စကားပြောခန်းများတွင် ဒေါ်ခင်ဝင်း၏ တစ်ကယ်ပြောဆိုခဲ့သည့်စကားလုံးများကို ထည့်သုံးထားကြောင်း သိရှိရသည်။ အဆိုပါဇာတ်ကားကို လက်ပံတောင်းတောင် ဒေသတွင် ဧပြီလ (၁) ရက်နေ့မှ စတင်ကာ သွားရောက်ရိုက်ကူးနေကြောင်း သိရှိရသည်။
 
Photos:ARES
Source:AungAungKyaw
 


Follow us on