1. Home
  2. Special or Others

အသက် ၂၃ နှစ်အရွယ် ဖိလစ်ပိုင်အလှမယ် နေအိမ်တွင် လုပ်ကြံခံရ

Special or Others เม.ย. 10, 2560 view 1,492
ဖိလစ်ပိုင်နိုင်ငံ အလှမယ်တစ်ဦးဖြစ်သူ မေရီခရစ် ရှန်ဘာလာတတ်စ် အသက်(၂၃)နှစ် သူမ၏ နေအိမ်၌ ဧပြီလ (၅) ရက်နေ့က သေနတ်နှင့် ပစ်ခံရပြီး သေဆုံးခဲ့ရသည်။
 
 
ထို့နေ့နံနက်ပိုင်းတွင် သူမ၏ အိမ်တံခါးကို လာခေါက်သဖြင့် ဖွင့်ပေးခဲ့ရာ လူငယ်နှစ်ဦးကို တွေ့ရပြီး ပန်းစည်းနှင့် ချော့ကလက်ပေးသဖြင့် လက်ခံခဲ့သည်။ ထို့နောက် လူငယ်တစ်ဦးမှ သေနတ်ထုတ်ကာ သူမ၏ နဖူးတည့်တည့်သို့ တစ်ချက်တည်းပစ်ကာ အသင့်စောင့်နေသော ဆိုင်ကယ်ဖြင့် ထွက်ပေးသွားခဲ့သည်။ 
 
 
ဆေးရုံသို့ အလျှင်အမြန်တင်ပိုခဲ့သော်လည်း မေရီမှာ ဆေးရုံမရောက်မီ လူနာတင်ယာဉ်ပေါ်၌ သေဆုံးသွားခဲ့သည်။ အခင်းဖြစ်ပွးရာနေရာ၌ a.45 calibre ပစ္စတိုကျည်ခွံကို ရှာဖွေတွေ့ရှိခဲ့ပြီး ရဲအရာရှိများက သူမနှင့် ပက်သက်ခဲ့ဖူးသော အမျိုးသားအား စုံးစမ်းလျှက်ရှိကြောင်း သိရှိရသည်။
 
 
မေရီခရစ် ရှန်ဘာလာတတ်စ်သည် ၂၀၀၉ ခုနှစ်တွင် La Bulakenya အလှမယ်ပြိုင်ပွဲတွင် သရဖူဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၀ ပြည့် နှစ်၌ အလှမယ်ပြိုင်ပွဲတစ်ခု၌ ဆုရရှိခဲ့ဖူးသူ ဖြစ်သည်။


Follow us on