1. Home
  2. Special or Others

သေခါနီးအိမ်ယာမဲ့လူတစ်ဦးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သူ အမျိုးသမီး

Special or Others เม.ย. 10, 2560 view 1,614
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့၏ အလွန်အေးနေသော ဆောင်းတစ်ညတွင် လမ်းဘေး၌ ခွေးအဖြူလေးတစ်ကောင်ကို ပိုက်ကာ ခိုက်ခိုက်တုန်နေသည့် အိမ်ယာမဲ့ အဖိုးအိုတစ်ဦးကို Jenine-Lacette DShazer ဆိုသူ အမျိုးသမီးတစ်ဦး တွေ့ရှိခဲ့သည်။
 
ရာသီဥတုမှာ အအေးကြမ်းလွန်းသဖြင့် သူတို့အတွက် အနွေးဓါတ်ရနိုင်မည့် အဝတ်အစားများ လိုမည်မှာ သေချာကြောင်း သဘောပေါက်လိုက်သဖြင့် သူမ၏ကားဆီသို့ ချက်ခြင်းပြန်သွားကာ ကားထဲတွင် ပါလာသော စောင်၊ တစ်ရှုးလိပ်၊ ကြောင်စာ တွေ့သမျှကို ယူချလားပြီး အဖိုးအိုကို ပေးခဲ့ပြီးနောက် သူတို့အနားတွင် ခတ္တမျှထိုင်လိုက်စဉ် အဖိုးအိုက သူရဲ့ အဖြစ်အပျက်ကို ပြောပြခဲ့သည်။
 
အဖိုးအို၏ အမည်မှာ Clifford James ဆိုသူဖြစ်ပြီး လယ်သမားတစ်ဦးဖြစ်ကာ ဝပ်ရှော့တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသူဖြစ်သည်။ နှလုံးရောဂါကြောင့် ခွဲစိပ်ကုသမှုခံယူခဲ့ရာမှ စကားပင် မပြောနိုင်တော့ပဲ မသန်မစွမ်းအခြေအနေသို့ ရောက်လာကာ ကိုမာဖြစ်သည့် အခြေနေထိ ဖြစ်ခဲ့ရသည်။ ထို့အတွက် သူ၏အလုပ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရပြီး အိမ်ခြေယာမဲ့ ဖြစ်ခဲ့သည်။
 
 
တစ်ရက်မှာ ခွေးလေးကို လူတစ်စု ဝိုင်းဝန်းရိုက်နှင်နေသည့်ကြားက ဝင်ရောက်ကယ်ဆယ်ခဲ့ပြီးနောက် သူ့ဘဝဟာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ အထီးကျန်မဆန်တော့သလို ခွေးကလည်း သူ့ကို ပြန်လည်ကာကွယ်၍ စောင့်ရှောက်ခဲ့သည်။
 
လက်ရှိမှာ ကင်ဆာရောဂါကြောင့် အသက်ရှင်ရန် ရက်သတ္တပါတ်အနည်းငယ်သာ ကျန်တော့သည်။ ခွေးလေးဟာ သူ၏ ဘဝဖြစ်ခဲ့ရသည့်အတွက် မသေခင်သူ၏ ဆန္ဒမှာ ခွေးလေးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်မည့် သူလက်ထဲ ထည့်ပေးခဲ့ချင်ခြင်းဖြစ်သည်။ သူ၏ နောက်ဆုံးဆန္ဒကို Jenine-Lacette DShazer က ဖြည့်ဆည်းပေးခဲ့သည်။ ထိုနောက် အဖိုးအိုကို မိုတယ်တစ်ခုသို့ ရွေ့ပြောင်းထားပေးခဲ့သည်။
 


Follow us on