1. Home
  2. Myanmar News

BREAKING NEWS!! မြစ်ဆုံစီမံကိန်းကို တရုပ်ဘက်က အပြီးအပိုင်ဖျက်သိမ်းဖို့ ဆန္ဒရှိနေ

Myanmar News เม.ย. 10, 2560 view 1,609
မြန်မာနိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တရုပ်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းကို တရုပ်နိုင်ငံဘက်က အခြားသော လုပ်ပိုင်ခွင့် ပရောဂျက်များနှင့် အစားထိုးလဲလှယ်ကာ ဖျက်သိမ်းသွားမည့် အလာအလာရှိနေကြောင်း ရိုက်တာသတင်းဌါနမှ သိရှိရသည်။
 
အမေရိကန်ဒေါ်လာ ၃.၆ သန်းကျော် ရင်းနှီးမြုတ်နှံထားသော မြစ်ဆုံစီမံကိန်းကို ဆက်လက်တည်ဆောက်ရန် အပြီးသတ်ရပ်စဲပြီး အခြားသော ပရောဂျက်များနှင့် အစားထိုး လဲလှယ်သွားရန် ဆွေးနွေးခဲ့ကြကြောင်း မြန်မာထိပ်တန်းအာဏာပိုင်နှစ်ဦးနှင့် မြစ်ဆုံပရောဂျက်အကြောင်း သိရှိသူတစ်ဦးထံမှ သတင်းရရှိကြောင်း ဖော်ပြထားသည်။
 
တရုပ်နိုင်ငံဘက်မှ ယခုကဲ့သို့ပြောင်းလဲလာရခြင်းမှာ မြစ်ဆုံရေးအားလျှပ်စစ် စီမံကိန်းကို ယူနန်ဒေသအတွက် အဓိကရည်ရွယ်ထားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စီးပွားရေးကျဆင်းလာမှု၊ လျှပ်စစ်ဓါတ်အား အနည်းငယ်သာ အသုံးပြုနိုင်သည့် စနစ်သို့ ပြောင်းလဲလာခြင်းတို့ကြောင့် လျှပ်စစ်ဂါတ်အားများ ပိုလျှံနေသည့်အတွက် မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းကာ အခြားလုပ်ကွက်များနှင့် လဲလှယ်လိုခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။
 
ထို့အပြင် တရုပ်က ကျောက်ဖြူတွင်ဆောက်လုပ်မည့် ရေနက်ဆိပ်ကမ်းကို ရရှိရန် ဦးစားပေးအနေနဲ့ တွန်းအားပေးလျှက်ရှိကြောင်း သိရှိရသည်။ အရှေ့အလယ်ပိုင်းမှ လာမည့် ရေနံများကို တရုပ်ပြည် ယူနန်သို့ သွယ်တန်းရန် ကျောက်ဖြူသည် အနီးဆုံး နေရာတစ်ခုလည်းဖြစ်သည်။
 
 
မည်သို့ပင်ဆိုစေကာမူ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းသွားပါက မြန်မာပြည်သူများ၏ ဆန္ဒပြည့်ဝသွားမည်မှာတော့ အသေအချာပင်ဖြစ်သည်။
 
Ref:Reuters
 


Follow us on