1. Home
  2. Myanmar News

မန္တလေး-ကသာ မန်းရွှေစင်ကားတစ်စီး ဓါးပြတိုက်ခံရ

Myanmar News เม.ย. 11, 2560 view 1,497
မန္တလေးနှင့် ကသာပြေးဆွဲနေသော မန်းရွှေစင်ယာဉ်လိုင်းမှ ကာတစ်စီး လမ်းခုလပ်၌ ဓါးပြတိုက် ခြိမ်းခြောက် ငွေတောင်းယူခံခဲံရသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
 
 
ခရီးသည် ၃၉ ဦးလိုက်ပါလာသော မန်းရွှေစင် ယာဉ်အမှတ် MDY/2H-2081 သည် မန္တလေးမှ ကသာသို့ ထွက်ခွာလာခဲ့ရာ ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လက်ပံလှနှင့် ချောင်းကြီး အကြားတွင် ကားပျက်သွားပြီး ရပ်ထားရစဉ် ဓါးရှည်များကိုင်ဆောင်ထားသော လူနှစ်ဦး ဆိုင်ကယ်စီးကာ ရောက်ရှိလာပြီး ဓါးပြတိုက်ခြိမ်းခြောက်ခဲ့သဖြင့် ဖုန်းတစ်လုံးနှင့် ငွေကျပ် တစ်သိန်းခန့် ပါသွားခဲ့သည်။
 
 
ဓါးပြများမှာ မျက်မှာကို ပုဆိုးခြုံလျှက်စည်းထားပြီး ကားစပယ်ရာဖြစ်သူမှ ဓါးပြ၏ မျက်မှာကို မော့ကြည့်မိသဖြင့် ဓါးပြားဖြင့် မျက်နှာကို ဖြတ်ရိုက်ခဲ့ကြောင်း သိရှိရသည်။ 
အဆိုပါအမှုကို မန်ရွှေစင်ယာဉ်လိုင်းမှ တိုင်ကြားထားခြင်း မရှိပဲ အဝေးပြေကားမောင်းသူများအား ညအချိန်များတွင် သတိထား၍ သွားလာကြရန် အသိပေးထားသည်။
 
Source:မေ


Follow us on