1. Home
  2. Myanmar News

ကျူးကျော်နေထိုင်သူများအတွက် အိမ်ယာတိုက်ခန်းများ ပေးအပ်ရန်အစီစဉ်ရှိ

Myanmar News เม.ย. 11, 2560 view 1,534
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူကာ နေစရာနေရာအခက်အခဲရှိသူမျာအတွက် အိမ်ယာတိုင်ခန်းများ ပြန်လည်ပေးအပ်ရန် အစီစဉ်ရှိကြောင်း သတင်းရရှိသည်။
 
အဆိုပါ အိမ်ယာတိုင်ခန်းပြန်လည် ပေးအပ်ရန်အစီစအစဉ်အရ တိုက်ခန်းများ၏ ဈေးနှုန်းကို ကျူးကျော်နေထိုင်သူများ ပေးသွင်းနိုင်မည့်ပမာဏ သတ်မှတ်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလိမှူးကြီးတင်အောင်ထွန်းက ဧပြီလ ၇ ရက်နေ့က ပြောကြားခဲ့သည်။
သူတို့ကိုနေရာပေးတဲ့အခါမှာ အငှားစနစ်တွေ၊ အလှည့်ကျစနစ်တွေဆိုတာက သူတို့စာရင်း ကောက်ယူမှုအပေါ်မူတည်တယ်။ ကျူးကျော်တွေကလည်း မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေပဲလေ၊ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို အဆင့်တစ်ခုရောက်ရှိအောင် စီမံဆောင်ရွက်ပေးမှာပါ။ အခု စာရင်းတွေကောက်နေသလို တစ်ဖက်မှာလည်း အဆောက်အဦတွေ ဆောက်လုပ်ပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ချိပ်ဆက်ဆောင်ရွက်နေပါတယ်။ ထွက်ပေါ်လာတဲ့ အခန်းအရေအတွက်၊ တန်ဖိုးတွေ သူတို့ပေးသွင်းနိုင်မှုတွေပေါ် မူတည်ပြီးဆောင်ရွက်သွားမှာပါ။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ၁၃ မြို့နယ်မှ ကျူးကျော်စာရင်းများ ကောက်ယူပြီးစီထားသည့်အတွက် ရာခိုင်မှုန်းအားဖြင့် ၇၀% ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ နေစရာနေရာအခက်အခဲကြောင့်မဟုတ်ပဲ စီးပွားဖြစ်စေရန်ရည်ရွယ်၍ ကျူးကျော်နေထိုင်သူများအား နေစရာနေရာပြန်လည်ပေးသွားမည် မဟုတ်သည့်အပြင် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Credit:ပြည်မြန်မာ


Follow us on