အိနြေ္ဒာကျော်ဇင် နဲ့ ပြေတီဦးတို့ ဟာ သင်္ကြန်တွင်းမိသားစု နဲ့ ခရီးထွက်ဖြစ်မယ်လို့ ပြောထားတဲ့ အတွက် သင်္ကြန်ကို နေအိမ်က ခြံထဲမှာပဲ သင်္ကြန်အကြိုကျလိုက်တယ်လို့ သိရပါတယ်။ သင်္ကြန်တွင်းခရီးထွက်နေမယ့်အတွက် သင်္ကြန်မကျလိုက်လိုက်ရမှာ စိုးလို့ လို့လဲပြောထားပါသေးတယ်။
မိသားစု သင်္ကြန်အကြိုကျတဲ့ နေ့မှာ အမေများအဖွဲ့ နဲ့ မမများအဖွဲ့ က လာရောက်ကပြတဲ့အတွက် ပိုပြီးပျော်စရာကောင်းပြီး အမှတ်တရ ဖြစ်ရပါတယ်လို့ ပြောထားပါတယ်။ သင်္ကြန်အကြိုကို ၉ ရက်နေ့က ကြိုကျခဲ့တာလဲ ဖြစ်ပါတယ်။
ခရီးကတော့ ဘယ်ကိုသွားမယ်ဆိုတာကိုတော့ ပြောထားခြင်းမရှိပါဘူး ။ သင်္ကြန်အကြို ပွဲကို အနုပညာ ရှင်မောင်နှမတွေလဲ လာရောက်ကြတယ်လို့လဲ သိရပါတယ် ။