1. Home
  2. Health Fix

(၃)ရက်တည်းနဲ့ မျက်နှာဝင်းပလာအောင်

Health Fix เม.ย. 11, 2560 view 1,690
skin care မသုံးဘဲ သဘာဝနည်းနဲ့ မျက်နှာအသားအရေတင်းလာအောင် လုပ်လို့ရတယ်။ ပါဝင်ပစ္စည်း နှစ်မျိုးသာလိုတယ်။ အိမ်သုံးနည်းဖြစ်ပြီး ဓာတုပစ္စည်းမပါဝင်လို့ လူတိုင်းနဲ့တဲ့တယ်။
 
လိုအပ်သောပါဝင်ပစ္စည်းများ

၁) အာလူးတလုံးကို ရေဆေးပြီး အခွံသင်ပြီး ခပ်ပါးပါးလှီးပါ။

 
၂) သခွားသီး တခြမ်းကို အဝိုင်းလိုက်လှီး၊ အာလူးနဲ့ရောပြီး blender (မွှေစက်)ထဲထည့်မွှေပါ။ (လိုအပ်ပါက သံပုရာရည်နည်းနည်းထည့်သင့်ပါတယ်)

အဆိုပါ အရောကို မျက်နှာမှာလိမ်းပြီး နာရီဝက်ထားပါ။

 
ပြီးရင် မျက်နှာပြန်သစ်ပါ။ အာလူးက အရောင်ချွတ်တဲ့အာနိသင်ရှိတယ်။ သခွားသီးက အသားအရေ စိုစေတယ်။ ညစဉ် (၃)ရက်ဆက်လိမ်းရုံနဲ့ အပြစ်အနာအဆာကင်းပြီး ဝင်းပတဲ့ မျက်နှာလှလှလေး ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
 
Credit: ဒေါက်တာအေးမင်းထူး


Follow us on