1. Home
  2. Special or Others

ခရီးသည်ကို လေယာဉ်ပေါ်မှ အကြမ်းဗတမ်းဆွဲချခဲ့တဲ့ ယူနိုက်တက်လေကြောင်းလိုင်း

Special or Others เม.ย. 11, 2560 view 1,433
ချီကာဂိုမှ လူးဝစ်ဗယ်လီသို့ ထွက်ခွာမည့် ယူနိုက်တက်လေကြောင်းလိုင်း (Flight 3411)တွင် လိုက်ပါမည့်ခရီးသည်တစ်ဦးကို လေယာဉ်လူပြည့်နေသည့်အတွက် လေကြောင်းလိုင်း လုံခြုံရေးအရာရှိများက လေယာဉ်ပေါ်မှ ခပ်ကြမ်းကြမ်း ဆွဲချခဲ့သဖြင့် ခရီးသည်မှာ ထိတ်လန့်ကြီးစွာနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါဖြစ်စဉ် ဗီဒီယိုမှာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ခေါင်းကြီးပိုင်းသတင်းတစ်ခု ဖြစ်ခဲ့သည်။
 
ယူနိုက်တက်လေကြောင်းလိုင်းသည် လေယာဉ်ထိုင်ခုံများအတွက် လက်မှတ်ကြိုတင်၍ ရောင်းချခဲ့ပြီးနောက် လေယာဉ်အမှုထမ်းများ လိုက်ပါရန် ထိုင်ခုံမကျန်ရှိတော့သည့်အတွက် လေယာဉ်အမှုထမ်းများ ထိုင်ခုံရရှိရန် လေယာဉ်ပေါ်တွင်ပါလာသော ခရီးသည်အချို့ကို လေယာဉ်ပေါ်က ဆင်းနေခဲ့ရန် လေကြောင်းလိုင်း လုံခြုံရေးအရာရှိများကို စေခိုင်းခဲ့သည်။
 
အရာရှိများ လေယာဉ်ပေါ်တက်လာပြီးနောက် အလျင်းသင့်ရာ လူကို ရွေးချယ်ကာ လေယာဉ်ပေါ်မှ ဆင်းပေးရန် ပြောကြားခဲ့သည်။ ခရီးသည်တစ်ဦးမှ ဆင်ပေးရန် ငြင်းဆိုခဲ့သဖြင့် အခြားခရီးသည်များရှေ့တင် ကြမ်းကြမ်းတမ်းတမ်း ပြုမူကာ တရွတ်တိုက်ဆွဲခေါ်ခဲ့သည်။ တရွတ်တိုက် မဆွဲခေါ်မီ အဆိုပါခရီးသည်မှာ နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်လျှက် ကယောင်ခြောက်ခြားဖြင့် “သူတို့ငါ့ကို သတ်နေကြတယ်” ဟု ရေရွတ်ကာ ပြေးလွှားလျှက်ရှိကြောင်း ဗီဒီယိုတွင် မြင်တွေ့ခဲ့ရသည်။
 
 
မျက်မြင်ခရီးသည်များ၏ အဆိုအရ ထိုခရီးသည်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး သူ၏လုပ်ငန်းခွင်သို့ အရောက်သွားရမည့်သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထိုခရီးသည်အား လုံခြုံရေးများမှ ဆွဲချစဉ် အခြားသော ခရီးသည်များက ဝိုင်းဝန်းကာ “နင်တို့ သူ့ကို ဘာလုပ်ကြတာလဲ.. ဒီလိုမလုပ်သင့်ဘူးနော်၊ လုပ်တဲ့ပုံစံ မကျဘူး” ဟု ပြောဆိုခဲ့ကြသည်။
ထိုခရီးသည်အား လေယာဉ်ပေါ်မှ ဆွဲချခဲ့ပြီး၊ နောက်ထွက်မည့် လေယာဉ်နှင့် ပြန်တင်ပေးလိုက်ကြောင်း သိရှိရသည်။
 
အဆိုပါဖြစ်စဉ်နှင့် လေယာဉ်ထိုင်ခုံ အပြည့်ရောင်းချမိခဲ့သည့်အတွက် ယူနိုက်တက်လေကြောင်းလိုင်းမှ CEO Oscar Munoz က သူ၏တွစ်တာမှနေ တောင်းပန်ပြောကြားခဲ့သည်။ အချိန်လုပြီး လုပ်ရတာဖြစ်တဲ့အတွက် ထိုခရီးသည်အပေါ် လေကြောင်းလိုင်း လုံခြုံရေးအရာရှိများ၏ ပြုမူဆက်ဆံပုံအတွက် တောင်းပန်ကြောင်းနှင့် အဆိုပါကိစ္စကို ပြန်လှန်သုံးသပ်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။
 


Follow us on