1. Home
  2. Health Fix

အဆီပြန်တဲ့အသားအရေအတွက် အိမ်သုံး mask

Health Fix เม.ย. 11, 2560 view 1,626
ညဖက် အိပ်ရာဝင်သုံးတဲ့ အိမ်သုံး mask လုပ်နည်းကို ဖော်ပြပါမယ်။အသားအရေချောမွေ့ နူးညံ့လာအောင် mask အုပ်တာ ကြားဖူးကြမယ်။ တကယ်တော့ mask တွေက ပုံစံအမျိုးမျိုး၊အာနိသင်အမျိုးမျိုးနဲ့ ရှိတယ်။ 
 
အခုဖော်ပြမယ့်နည်းက အစိုဓာတ်ထိန်းတဲ့ home made moisturizer mask ပြုလုပ်နည်းဖြစ်ပါတယ်။ အိမ်သုုံး mask လုပ်ဖို့ ထောပတ်သီးတခြမ်း၊ ကြက်ဥတလုံး(အကာ)နဲ့ ရှောက်သီးတလုံး လိုအပ်ပါတယ်။ တခုချင်းစီရဲ့ အာနိသင်ကို နည်းနည်းပြောပြပါရစေ။
 
(၁) ရှောက်ရည်က အရေပြားကို သန့်စင်စေတယ်။အဆီပို ကင်းစင်စေတယ်။ အမဲစက်ကင်းစေတယ်။ ချွေးပေါက်ကို ကျဉ်းစေပြီး ကိုလာဂျင်ထုတ်ခြင်းကို အားပေးတယ်။ ဝက်ခြံများတဲ့အရေပြားမှာ သိပ်ကောင်းတယ်။
 
(၂) ကြက်ဥအကာအဖြူမှာပါတဲ့ ပရိုတင်းဓာတ်က အသားအရေတင်းရင်းစေတယ်။ အသားတွန့်တာ ကာကွယ်ပေးတယ်။ အမာရွတ်တွေကို သက်သာလျှော့ပါးစေတယ်။
 
(၃) ထောပတ်က သဘာဝအင်တီအောက်စီးဒင့်ဖြစ်လို့ အသားအရေအတွက် အထောက်ကူပြုတယ်။ နောက်ပြီး အသားဖြူစေတယ်။ အရေပြား အစိုဓာတ် ထိန်းပေးတာကြောင့် အသားရေ စိုပြေဝင်းပစေတယ်။
 
ပြုလုပ်နည်း 
 
အိမ်သုံးmaskလုပ်ဖို့ အရင်ဆုံး ထောပတ်သီးကို တဝက်ခြမ်းပြီး အထဲကအနှစ်ကို ခြစ်ယူပါ။ ပြီးရင် ထောပတ်သီးကို ကြေအောင်ခြေပြီး ရှောက်ရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်းနဲ့ ထည့်မွှေပါ။ နောက်ဆုံးမှာ ကြက်ဥအကာ(အဖြူ)ကို ရောပြီး အရည်ပျစ်လာသည်ထိ မွှေပေးပါ။ ရလာတဲ့ အရည်ပျစ်ပျစ်ကို မျက်နှာအပြည့် နှံ့အောင် လိမ်းခြယ်ပေးပါ။ 
 
အဲဒီအပေါ်ကမှ အဝတ်ဖြူ mask တခုထပ်အုပ်ပါ။ mask မရှိရင် gauze (သို့) ပိတ်ပါးစ တခုခု သုံးလို့ရတယ်။ အဝတ်က သန့်စင်ရမယ်။ မျက်နှာပေါ် မိနစ်နှစ်ဆယ်ခန့်ထားပါ။ ပြီးရင် mask ကို ခွာပြီး ကြက်သီးနွေးရေနဲ့ မျက်နှာပြန်သစ်ပါ။ (၂)ပတ်အတွင်း နူးညံ့စိုပြေပြီး ချောမွေ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
 
Credit : “ဒေါက်တာ အေးမင်းထူး”


Follow us on