1. Home
  2. Special or Others

ခွေးနှင့်ကာမ စက်ယှက်ခဲ့သည့် သက်ကြီး အမျိုးသားတစ်ဦး တရားစွဲဆိုခံရ

Special or Others เม.ย. 11, 2560 view 2,219
ဟောင်ကောင်ရှိ အသက် ၅၈ နှစ်အရွယ် ချောင်လင်ဖိုင် ဆိုသူအမျိုးသားကြီးတစ်ဦး ခွေးအမ တစ်ကောင်နှင့် တောင်ကုန်းပေါ်တွင် ကာမစပ်ယှက်ခဲ့မိကြောင်း ဟောက်ကောင်ရှိ West Kowloon Magistrates တရားရုံးတွင် ဝန်ခံခဲ့ရသည်။
 
ဆောက်လုပ်ရေး အလုပ်သမားဖြစ်သူ အမျိုးသားကြီးက အသက် နှစ်နှစ်အရွယ် ခွေးမလေးတစ်ကောင်ကို တောင်ကုန်းပေါ်ရှိ စမ်းချောင်းတစ်ခုအနီးသို့ ချော့မြူ၍ ခေါ်သွားခဲ့ကြောင်း မျက်မြင်သက်သေ အမျိုးကမီးတစ်ဦးက ထွက်ဆိုခဲ့သည်။ 
ခွေးမလေးကို သူမတွေ့တဲ့အချိန်မှာတော့ ခွေးဟာ အရမ်းကြောက်လန့် တုန်လှုပ်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးတွေထွက်နေတာကို သတိထားတွေ့မိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
 
 
ဆေးစစ်ချက်အရ ခွေးမလေး၏ အင်္ဂါမှာ ထိခိုက်ဒဏ်ရဖြစ်နေပြီး လူရဲ့သုတ်ကိုလည်း တွေ့ရှိခဲ့ရကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ချောင်လင်ဖိုင် ရဲ့ ရှေ့နေဖြစ်သူကတော့ သူ့ရဲ့ အမှုသည်ဟာ အလုပ်ပြုတ်ထားတဲ့အတွက် စိတ်ခံစားချက်အပြင် အလုပ်ကြောင့် အကြားအာရုံချို့ယွင်းခဲ့သူတစ်ဦးဖြစ်လို့ စိတ်ပိုင်းဆိုင်ရာ အခြေနေထိခိုက်နေသူဖြစ်တဲ့အတွက် အပြစ်ဒဏ်လျော့ပေါ့ရန် တရားရုံးကို တင်ပြတောင်းခံခဲ့သည်။
 
ချောင်က ပထမတွင် ခွေးမလေးအား ရေချိုးပေးနေတာဖြစ်ပြီး စိတ်တစ်မျိုးတစ်မယ်ဖြစ်ကာ ကာမစပ်ယှက်မိခဲ့ကြောင်းနှင့် တိရိစ္ဆာန်နှင့် ကာမစပ်ယှက်မိတာ ဒါပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ထိုအပြင် ကာနစပ်ယှက်နေစဉ် ခွေးမလေးမှာလည်း ခုခံတုန့်ပြန်မှု မပြုခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
 
ချောင်ဟာ တိရိစ္ဆာန်နဲ့ ကာမစပ်ယှက်ခဲ့ကြောင်း ထင်ရှားသဖြင့် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ဟောင်ကောင်ဒေါ်လာ ၅၀,၀၀၀ (ကျပ် ၈၈ သိန်းနီပါး) ဒဏ်ငွေ နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖွယ်ရာရှိသည်။
 


Follow us on