1. Home
  2. Myanmar News

နမ္မတူမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ခုအား လက်ပစ်ဗုံးနှင့် ခြိမ်းခြောက်လုယက်

Myanmar News เม.ย. 12, 2560 view 1,462

နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်သို့ လက်ပစ်ဗုံးဟု ယူဆရသော အစိမ်းရောင် အလုံးတစ်လုံးကို ကိုင်လျှက် ဆိုင်အတွင်းဝင်ရောက် ခြိမ်းခြောက်မှု တစ်ခု ဧပြီ ၁၂ ရက်(ယနေ့) နံနက် ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


ပန်ဟိုက် (၄)ရပ်ကွက်ရှိ ဖြိုးနှင်းမိုဘိုင်းဖုန်းအရောင်းဆိုင်ထဲသို့ ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် လူတစ်ဦး အစိမ်းရောင်လက်ပစ်ဗုံး(ဗုံးအတု အစစ်မသိရ)ကို လက်ထဲတွင် ဆုတ်ကိုင်ထားပြီး ဖောက်ခွဲပစ်မည်ဟု ချိန်းခြောက်ကာ လုယက်မှုကျူးလွန်စဉ် အနီးအနားရှိ လူငယ်များက ဝိုင်းဝန်း ဝင်လုံး၍ ဖမ်းဆီး ရိုက်နှက်ကာ ရဲစခန်းသို့ အကြောင်းကြားပြီးနောက် ရဲများလက်သို့ အပ်နှံခဲ့ရကြောင်း သိရှိရသည်​။


အဆိုပါ ကျူးလွန်သူမှာ မိုင်းတပ်ကျေးရွာမှ ဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသဖြင့် ရွာမှ မောင်းထုတ်ထားသော လေးဖြူမင်းသားဟု တဆင့်စကားအရ ကြားသိရသည်။

Photo Credit:ကိုလူအေး(နမ္မတူ)
Credit: ချစ်မွှေး နမ္မတူ၊ ကျော်ဇင်မင်း(ရန်ကုန်)



Follow us on