1. Home
  2. Myanmar News

ဇနီးဖြစ်သူရဲ့ အမုန်းရန်ညိုးကြောင့် ဘဝတစ်ခုလုံးဆုံးရတော့မည့်ခင်ပွန်း

Myanmar News เม.ย. 12, 2560 view 1,527

လင်းမယားချင်း စကားများရန်ဖြစ်ရာမှ ညအိမ်ယာဝင်သည့်အခါ အညိုးမပြေနိုင်သေးသည့် ဇနီးသည်က ခင်ပွန်းသည် အိပ်ပျော်နေချိန်တွင် သွေးအေးစွာနဲ့ အက်ဆစ်ဖြင့် လောင်းချခဲ့သည့်အတွက် ရုပ်ပျက်ဆင်းပျက်နှင့် ဘဝဆုံးရတော့မည့် အခြေနေသို့ ရောက်ခဲ့ရပါတယ်။


မြစ်သားမြို့နယ် ဂမုန်းကြီးရွာတွင် နေထိုင်သူ ကိုမင်းမင်း(၃၀)နှစ်သည် မိန်းမဖြစ်သူနှင့် စကားများရန်ဖြစ်ရာက ညအိပ်ယာဝင်ချိန်တွင် မိန်းမဖြစ်သူမှ မျက်နှာပေါ်သို့တစ်ကြိမ်၊ ဦးခေါင်းနောက်ခြမ်းသို့တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်တိုင်တိုင် အက်ဆစ်နဲ့ လောင်းချခြင်းခံခဲ့ရပါတယ်။


ထို့ကြောင့် ပုံပါအတိုင်း မျက်နှာများပျက်စီးသွားခဲ့သလို နားရွက်တစ်ဖက်ပါ ပျောက်ကွယ်သွားတဲ့အထိ ပြင်းထန်လှပါတယ်။


လူသားချင်းစာနာသောအားဖြင့် အလင်း စေတမန် အွန်လိုင်းပရဟိတ မောင်နှမ မိသားစုများမှ ဆေးဖိုးအလှူငွေ ပေးအပ်လှူဒါန်းခဲ့ပြီး ကူညီပံ့ပိုးလိုသူများရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကြပါရန် အလင်းစေတမန် အွန်လိုင်းပရဟိတအဖွဲ့က လူမှုကွန်ယက်ပေါ်တွင် ဝေမျှအကူညီတောင်းခံထားကြောင်း သိရှိရသည်။

**ဆက်သွယ်ရန်**
09777976585
09265055834
09795946711



Follow us on