1. Home
  2. Special or Others

ဆဲဆိုမိုက်ရိုင်းတဲ့ YBS ယာဉ်မောင်းနှင့်ဇနီးကို အမျိုးသမီးတစ်ဦးတည်းရင်ဆိုင်ကာ ရဲတပ်ဖွဲ့အကူညီနှင့် ဖမ်းဆီး(ရုပ်/သံ)

Special or Others เม.ย. 15, 2560 view 1,508

YBS ယာဉ်မောင်းနှင့် သူ၏မိန်းမဖြစ်သူက ပုံမှန်မောင်းနှင်နေသော အိမ်စီးကားလေးပေါ်မှ အမျိုးသမီးကို လမ်းပိတ်သည်ဟူသည့် သဘောနှင့် ယုတ်ရင်းကြမ်းတမ်းစွာ ဝိုင်းဝန်းဆဲဆိုခဲ့သဖြင့် ကားလေးမောင်သူ အမျိုးသမီးမှ လမ်းမတော်ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားခဲ့ရာ ချက်ခြင်းရောက်လာပြီး ကူညီဖမ်းဆီးခဲ့ကြောင်း ဗီဒီယိုဖိုင်နှင့်တစ်ကွ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြို့နေ့က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး YBS ယာဉ်လိုင်းအမှတ်(၃၉) ယာဉ်မောင်းဇနီးမောင်နှံနှင့် ပြဿနာဖြစ်နေစဉ် ကားလေးမောင်းသူ မမြတ်သဇင်က ဖေ့စ်ဘွခ်ပေါ်တွင် တိုက်ရိုက်ဗီဒီယိုလွှင့်တင်ခဲ့ခြင်းဖြစ်သည်။

 


ရိုင်းစိုင်းသော YBS ယာဉ်မောင်းနှင့် သူ၏ဇနီးကို သတ္တိရှိရှိရင်ဆိုင်ကာ ရဲတပ်ဖွဲ့ထံအကူညီယူ ဖြေရှင်းခဲ့သည့် မမြတ်သဇင် ဆိုသူအမျိုးသမီး၏ လုပ်ရပ်အပေါ် အွန်လိုင်းပရိသတ်က အားရကျေနပ်ခဲ့ကြသည်။

Video:MyatThazin
 



Follow us on