1. Home
  2. Special or Others

လိမ်ညာခဲ့တဲ့ရည်းစားကို တစ်သက်စာမမေ့နိုင်တဲ့ မွေးနေ့လက်ဆောင်ပေးခဲ့သူ(ရုပ်/သံ)

Special or Others เม.ย. 18, 2560 view 1,718

ရည်းစားဖြစ်သူက သူ့အပေါ် လိမ်ညာလှည့်စားနေကြောင်း သိသွားတဲ့နောက်မှာတော့ သူမအတွက် တစ်သက်စာ အမှတ်တရ မမေ့နိုင်တဲ့ မွေးနေ့လက်ဆောင်တစ်ခု ပေးဖို့ အမျိုးသားဖြစ်သူက စီစဉ်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ အမျိုးသားဖြစ်သူက မျက်လုံးကို အဝတ်နဲ့အုပ်ကာထားသူ ရည်းစားအမျိုးသမီးကို အိမ်ထဲသို့ လက်တွဲခေါ်လာတာဖြစ်ပါတယ်။ “ချောင်းမကြည့်နဲ့နော်” ဟုလည်း သတိပေးလိုက်ပါသေးတယ်။
အဲဒီနောက် အိပ်ခန်းထဲအရောက်မှာ အမျိုးသမီးက မျက်နှာကို အဝတ်နဲ့အုပ်ထားလျှက် မတ်တပ်ရပ်နေစဉ် အမျိုးသားက “Happy Birthday” သီချင်းကို ဆုံးအောင် ဆိုပေးနေပါတယ်၊ ပြီးတဲ့အခါမှာ မျက်လုံးဖွင့်ကြည့်လို့ ရပြီလို့ ပြောလိုက်ပါတယ်။ အမျိုးသမီးက အဝတ်ကိုဖယ်ပြီး ကြည့်လိုက်တဲ့အခါမှာ ကြောင်တောင်တောင်ဖြစ်နေပါတယ်။ ပြီးတော့ ဒါတွေက ငါ့ပစ္စည်းတွေကို ထုတ်ပိုးထားတာမလားလို့ မေးတော့ ဟုတ်တယ်လို့ ပြန်ဖြေပါတယ်။ အမျိုးသမီးက ဘာကြောင့်လဲလို့ ပြန်မေးတဲ့အခါ အမျိုးသား မင်းငါ့ကို လိမ်နေတာတွေအားလုံး သိတယ်၊ မင်းကို နှင်ချတာ မင်းထွက်သွားတော့ အဲဒါမင်းအတွက် မွေးနေ့လက်ဆောင်ပဲလို့ ပြောလိုက်ပါတယ်။


 



Follow us on