1. Home
  2. Special or Others

ရိုလာကိုစတာစီးစဉ် ခိုငှက်တစ်ကောင် လည်ပင်းကိုဝင်စိုက်(ရုပ်/သံ)

Special or Others เม.ย. 18, 2560 view 1,596

စပိန်နိုင်ငံရှိ “Port Aventura Park” တွင် ရိုလာကိုစတာစီးနင်းသူတစ်ဦးအား အမြင့်တစ်နေရာတွင် ခိုက်ငှက်တစ်ကောင်က လည်ပင်းကို ဝင်တိုက်မိကာ မျက်နှာတွင် သွေးစများဖြင့် ပေစွန်းခဲ့သည်။

တစ်နာရီ ကီလိုမီတာ ၁၈၀ အရှိုန်နှုန်းဖြင့် အမြင့်သို့ ထိုးတက်သွားသော ရိုလာကိုစတာ လမ်းတစ်ဝက်တွင် စီးနင်းသူ၏ လည်ပင်းသို့ ငှက်တစ်ကောင် အရှိန်နှင့် ဝင်ဆောင့်ခဲ့စဉ် အဆိုပါပုဂ္ဂိုလ်၏ မျက်နှာတွင် သွေးများကို တွေ့ခဲ့ရသည်။ ထို့နောက် အံအားသင့်စွာဖြင့် သူ၏လည်ပင်းကို စမ်းကြည့်ရာ ငှက်ကိုတွေ့ပြီး လွှတ်ချလိုက်သည်။


ထိုသူ၏ မျက်နှာတွင် သွေးများတွေ့ခဲ့သော်လည်း ဒဏ်ရာရရှိဟန်မတူပဲ ရိုလာကိုစတာကို ပျော်ရွှင်စွာ ဆက်လက်စီးနေသည်ကို တွေ့မြင်ရသည်။
 



Follow us on