
ရှမ်းတောင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ယကြီးရေလှောင်ကန်(ဆည်)ကြီးမှာ ဆည်တံမံတစ်လျှောက် အက်ကြောင်းများ ပေါ်ယံလွှာ ပြိုကျမှုများ၊ ရေစိမ့်ထွက်မှုများ ရှိနေပြီး အဆိုပါအခြေအနေကို ဒေသခံ အကြီးအကဲများက ဝိုင်းဝန်းဖုံးဖိထားကြောင်း သိရှိရသည်။




ယင်းဆည်ကြီးကို မည်သည့် အင်ဂျီနီယာအဖွဲ့၊ ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သည်ကို ဆိုင်းဘုတ်ထောင်ကာ ဖော်ပြထားခြင်းမရှိသကဲ့သို့ တာဝန်ရှိသော ဒေသခံအကြီးအကဲများကလည်း ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ခြင်းမရှိပဲ အက်ကြောင်းများလိုက်နေသော နေရာများကို ပလက်စတစ်တာလပတ်များဖြင့် ဖုံးဖိကာရံထားကြကြောင်း သိရှိရသည်။





ယခုပုံစံအတိုင်း အချိန်မီမပြုပြင်ပဲ ဆက်လက်ဖုံးဖိထားပါက တစ်စတစ်စနှင့် မကြာမီလုံးဝ ပြိုကျတော့မည်ဖြစ်ကြောင်း သိရှိရသည်။
Source:KhamThein
comment