1. Home
  2. Myanmar News

လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြည်သူတစ်ဦးကို ပါးရိုက်(ရုပ်/သံ)

Myanmar News เม.ย. 23, 2560 view 1,694

ဧပြီလ (၈)ရက်နေ့တွင် တနသာင်္ရီတိုင်း​ဒေသကြီး အမှတ်​ ၂ မဲဆန္ဒနယ်​မှ လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးရဲမြင့်​​ဆွေ က ပဝရွာသား ကိုလှထွန်းကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့ကြောင်း သိရှိရသည်။


အ.လ.က(ခွဲ) ကျောင်းဆောင်သစ် တည်ဆောက်နေမှုနှင့် စပ်လျဉ်းပြီး အပြန်အလှန်ပြောဆိုခဲ့ရာ၊ ဗီဒီယိုထဲတွင် တီရှပ်အနီရောင်ဝတ်ထားသော အမျိုးသားမှ တောက်လျှောက် ပြောဆိုနေခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်က ရှောင်ထွက်သွားခဲ့သည်။


ထိုစဉ် အနီးရှိအမျိုးသမီးတစ်ဦးနှင့် ဆက်လက် ပြောဆိုနေစဉ် အမျိုးသမီးအား တီရှပ်အနီရောင်ဝတ်ထားသူ ကိုလှထွန်းဆိုသူက တစ်ခုခုပြန်လှန်ပြောဆိုလိုက်သည့်အခါ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြေးလာကာ ပါးရိုက်ပြီး အဆောက်အဦအတွင်းမှ ထွက်သွားရန် မောင်းထုတ်ခဲ့သည်။


တနသာင်္ရီတိုင်း​ဒေသကြီး အမှတ်​ ၂ မဲဆန္ဒနယ်​မှ လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးရဲမြင့်​​ဆွေမှာ အန်အယ်လ်ဒီပါတီဝင်ဖြစ်ကြောင်း သိရှိရသည်။

Video & photo Credit >> Aung Htut Thet



Follow us on