1. Home
  2. Myanmar News

တရုတ်နိုင်ငံမှာ ၁၃နှစ်ကြာနှစ်ကြိမ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီး

Myanmar News เม.ย. 24, 2560 view 1,566

တရုတ်နိုင်ငံမှာ ၁၃နှစ်ကြာနှစ်ကြိမ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးကို မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က တရုတ်နိုင်ငံရွှေလီမြို့ရဲစခန်းနဲ့ဆက်သွယ်ကာ ကယ်တင်ခဲ့ရတယ်လို့ အမှတ်၆လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူး ရဲဝင်းအောင်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က မော်လမြိုင်ကိုသွားရာမှ ပြန်လည် ရောက်မလာတော့ဘဲပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အသက် ၁၇နှစ်အရွယ်မှာ ရောင်းစားခံရတာဖြစ်ပြီး လက်ရှိမှာ အသက် ၃၀ရှိပြီလို့သိရပါတယ်။လူကုန် ကူးပွဲစားများမှတဆင့်တရုတ်နိုင်ငံ မှာ တရုတ်ဇနီးမယားအဖြစ်နှစ်ကြိမ်တိုင်တိုင်ရောင်းစားခံခဲ့ရပါတယ်။

မမေခိုင်ဦးကို ဧပြီလ ၂၁ရက်နေ့မှာ ရန်ကုန် မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသမီး အတက်သင်ကျောင်းကိုခေါ်ဆောင်လာခဲ့တယ်။ အဲဒီအမျိုးသမီးဟာ တရုတ်နိုင်ငံဟီနန်ပြည်နယ်၊ RuZhou မြို့က ရွာတစ်ရွာမှာ ရှိနေကြောင်း တရုတ်နိုင်ငံမှာအများဆုံးအသုံးပြုတဲ့ Wechat မှတဆင့် နီးစပ်ရာ မြန်မာလူမျိုးတွေကို အကူအညီတောင်းခံပြီးနောက် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လိုသိရပါတယ်။ ရောင်းစားခံခဲ့ရသူမမေခိုင်ဦးဟာ မွန်ပြည်နယ် ဇာတိဖြစ်တယ်။ အဲ့သည့်နောက် ဧပြီလ ၂၃ရက်နေ့မှာ မော်လမြိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင် လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဆောင်ပေးဖို့ တွေ့ဆုံမေးမြန်းမှုတွေလုပ်နေတယ်လို့ မော်လမြိုင်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ မှဒုရဲမှူးဆန်းဦးကပြောပါတယ်။ “သူဘယ်လို ကြုံတွေ့ရလဲ သူဆက်ပြီး ဘာတွေဖြစ်ချင်လည်း ဆိုတာ သိမှ ရှေ့ ဆက်လုပ်ဆောင်ရမှာ။အခုတော့ စစ်ဆေးမှုတွေလုပ်နေတယ်။”လို့ ဒုရဲမှူး ဆန်းဦးကပြောပါတယ်။

Credit : kumudranews



Follow us on