1. Home
  2. Myanmar News

ချစ်သူက လက်ထပ်သွားလို့ လူငယ်တစ်ဦး ပိုးသတ်ဆေးသောက်ကာ အဆုံးစီရင်

Myanmar News เม.ย. 25, 2560 view 1,522
ပဲခူတိုင်းဒေသကြီး ကညွတ်ကွင်းမြို့နယ်တွင် ချစ်သူမိန်းကလေးက အခြားသူနှင့် လက်ထပ်သွားသည့်အတွက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး အဆိပ်သောက်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း ညွတ်ကွင်းနယ်မြေရဲစခန်းမှ သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကညွတ်ကွင်းမြို့ ဗိုလ်တဲရပ်ကွက်နေ အောင်နိုင် (အသက် ၁၈ နှစ်)က ချစ်သူမိန်းကလေး မင်္ဂလာဆောင်သွားသည့်အတွက် ပဲပင်များပိုးသတ်ရာတွင် အသုံးပြုသည့် ပိုးသတ်ဆေးပြား နှစ်ပြား သောက်သုံးခဲ့ရာ မိသားစုဝင်များက သိရှိသွားပြီး ကညွတ်ကွင်းပြည်သူဆေးရုံသို့ တင်ပို့ခဲ့ရာ လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ ဖြစ်စဉ်ကို ကညွှတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၂/ ၂၀၁၇ အရ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးနေကြောင်း သိရသည်။
 
Ref:DVB


Follow us on