1. Home
  2. Special or Others

ခွဲစိပ်မှုခံယူနေစဉ် ဖုန်းအပွတ် မပျက်တဲ့ဖွားဖွား

Special or Others เม.ย. 25, 2560 view 1,491
တရုပ်နိုင်ငံ ဟန်ကျိုးပြည်နယ်က ဆေးရုံတစ်ခုမှာ အသက်ကြီးပိုင်း လူနာတစ်ဦးကို ခွဲစိတ်မှုပြုလုပ်နေစဉ် လူနာကို စမတ်ဖုန်းပေးသုံးခဲ့တာကြောင့် ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
 
ပုံမှန်အားဖြင့် ခွဲစိတ်ခန်းထဲကို စမတ်ဖုန်း ယူဆောင်ခွင့်မရှိသော်လည်း အသက် ၆၉ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသမီးလူနာအတွက် ချွင်းချက်အနေနှင့် ခွင့်ပြုပေးခဲ့ရခြင်းဖြစ်သည်။ သူမဟာ ဝပ်ရှော့ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့ရတာကြောင့် သူမရဲ့ ခြေထောက်သွေးကြောမှာ ပြဿနာရှိနေတဲ့အတွက် ခွဲစိပ်ကုသမှု ခံယူခဲ့ရခြင်းဖြစ်ပါတယ်။ ခွဲစိမ်မှုကို ကြောက်ရွံ့တယ်လို့ သူမရဲ့ ဝန်ခံချက်ကြောင့် ဆရာဝန်တွေက စိတ်ပြောင်း စိတ်လွှဲဖြစ်အောင် ခွဲစိမ်မှုပြုလုပ်နေစဉ်အတွင်း သူမကို စမတ်ဖုန်း အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။
 
 
၁၈ မိနစ်သာ ကြာတဲ့ ခွဲစိတ်မှု ပြုလုပ်နေစဉ်မှာ သူမက သူငယ်ချင်းတွေနဲ့ WeChat အသုံးပြုကာ သူငယ်ချင်းတွေနဲ့ စကားပြောခြင်း၊ ဆရာဝန် ဆရာမတွေကို ဓါတ်ပုံရိုက်ခြင်းတို့နဲ့ ဖြတ်သန်းကုန်လွန်စေခဲ့ပါတယ်။ 
ဒါပေမယ့်နောက်ပိုင်းမှာတော့ သူမဟာ ခွဲစိပ်ခံနေရတဲ့အတွက် ကြောက်ရွံ့စိတ်လုံးဝ မဖြစ်မိဖူးလို့ ဆိုပါတယ်။ တစ်ကယ်တော့ သူမဟာ စမတ်ဖုန်းကို စွဲလမ်းနေသူဖြစ်လို့ အဲ့ဒီအစွဲအလန်းကို အချိန်မိ ကုသဖို့ လိုနေပါပြီ။
 


Follow us on