1. Home
  2. Special or Others

အရွယ်နဲ့ မမျှအောင် ကလေးကိုကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တဲ့ ဆရာမတွေကို ကလေးအမေက ရိုက်နှက်(ရုပ်/သံ)

Special or Others เม.ย. 25, 2560 view 1,649
သူမရဲ့ ကလေးကို ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံခဲ့တဲ့ မူလတန်းပြဆရာမ နှစ်ဦးကို ကလေးမိခင်တစ်ဦးက ဒေါသမထိန်းနိုင်ပဲ ဝင်ရောက်ရိုက်နှက်ခဲ့မှုတစ်ခု တရုပ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ ဗီဒီယိုမှတ်တမ်းကို ကြည့်မိတဲ့သူတွေက ဆရာမတွေကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
 
ပေကျင်းမှာရှိပြီး အတော်အတန်ဈေးကြီးတဲ့ ပုဂ္ဂလိကကျောင်းမှာ တက်ရောက်နေတဲ့ ကလေးက အိမ်ပြန်ရောက်လာတဲ့အခါ ဆရာမက သူမကို ရိုက်တယ်လို့ အမေဖြစ်သူကို ငိုယိုပြီး တိုင်ကြားပါတယ်။ မိခင်ဖြစ်သူဟာ ချက်ချင်းပဲ ကျောင်းကို လိုက်သွားပြီး ဘာဖြစ်လို့ သူ့ကလေးကို ရိုက်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက် ကျောင်းက စီစီတီဗီ မှတ်တမ်းကို ပြန်ပြဖို့ အတင်းအကျပ် ပြောဆိုခဲ့ပါတယ်။
 
စီစီတီဗီ မှတ်တမ်းကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ မူလတန်းပြ ဆရာမနှစ်ဦးက ကလေးကို ဆောင့်တွန်းတာတွေ၊ ဆောင့်ကန်တာတွေကို လုပ်ခဲ့တာ မြင်ရတဲ့အခါမှာတော့ မိခင်ဖြစ်သူဟာ လုံးဝ စိတ်မထိန်းနိုင်တော့ပဲ ဆရာမနှစ်ဦးကို တိုက်ခိုက်တာကို ဖော်ပြပါ ဗီဒီယိုအတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။
 
 
ဗီဒီယိုကို ကြည့်ပြီးသွားတဲ့ အွန်လိုင်းပေါ်က ပရိသတ်က ဆရာမနှစ်ယောက်ကို ဒီထက်မက ပိုပြီးနှိပ်ကွပ်သင့်တယ်လို့ ဝိုင်းဝန်းရေးသားခဲ့ကြပါတယ်။ အဆိုပါ အဖြစ်အပျက်ကြောင့် ဆရာမနှစ်ဦး အလုပ်မှ အထုတ်ခံရခဲ့ကြောင်း သိရှိရသည်။
 
 


Follow us on