1. Home
  2. Myanmar News

ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးနေပြီး အငှားသာရှိ

Myanmar News เม.ย. 25, 2560 view 1,537

သင်္ကြန်အပြီး ရန်ကုန် မြို့အိမ်ခြံမြေအရောင်းအ၀ယ် သည် အေးစက်နေပြီး အငှားဈေး ကွက်သာ အလုပ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ အထူးသဖြင့် မြို့စွန်လုံးချင်း များနှင့် မြို့တွင်းပိုင်းမှ ကွန်ဒိုအချို့ သာ ဒေါ်လာနှင့် ငှားရမ်းရမှုရှိပြီး အရောင်းအ၀ယ် ကျဆင်းဆဲဖြစ်ကြောင်း မြရတနာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးသိန်းစိုးက ပြောသည်။ လှိုင်သာယာ၊ မှော်ဘီ၊ ထောက်ကြန့်အစရှိသော မြို့နယ်များတွင် လုံးချင်းများကို နိုင်ငံ ခြားသားများအား ငှားရမ်းနိုင်ခဲ့ပြီး ပုံမှန်အရောင်းအ၀ယ် ဖြစ်နေကျ တန်ဖိုးနည်းမြေကွက်များပင် အ ရောင်းအ၀ယ်မရှိဟု ဆိုသည်။ မြို့တွင်းပိုင်းတန်ဖိုးကြီး လုံး ချင်းများသည် ဈေးကွက်တွင် ရောင်းမည့်သူသာများနေပြီး ၀ယ်လိုအား မရှိသလောက် နည်းပါးကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေအကျိုးဆောင် ဦးစိုင်းခွန်နောင်က ပြောသည်။

ထို့အတူ မြို့တွင်းပိုင်း၌ ကန် ထရိုက် တိုက်ခန်းငှားရမ်းရမှုများ ကျဆင်းနေပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာလည်း ကန် ထရိုက်တိုက်တည်ဆောက်သူအ ရေအတွက်လျော့ကျနေကြောင်း ၎င်းက ပြောကြားသည်။ အထူးသဖြင့် ဆောက်လုပ် ဆဲကွန်ဒိုများအရောင်းအ၀ယ်ကျ ဆင်းနေရာမှ လျှော့ဈေး အချို့ဖြင့် ရောင်းချခြင်း၊ အရစ်ကျဖြင့် ရောင်းချခြင်းများရှိသော်လည်း အရောင်းအ၀ယ် ကျဆင်းနေဆဲဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ကာလကြာရှည် အရောင်း အ၀ယ်အေးနေသော အိမ်ခြံမြေ ဈေးကွက်သည် နှစ်သစ်၌ စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီများ ဖွင့်လှစ်ရန်၊ ရုံးခန်းများဖွင့်လှစ်ရန် လိုက်လံ ငှားရမ်းခြင်း၊ ၀ယ်ယူခြင်းများသည် မေလလယ်လောက်မှသာ အရောင်းအ၀ယ်ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိလုံးချင်းများရှိသော ဗဟန်း၊ ရန်ကင်းနှင့် တောင်ဥက္က လာပကဲ့သို့ မြို့နယ်များတွင် နေ ရာပေါ်မူတည်၍ ကျပ် သိန်း ၇၀၀ မှ သိန်း ၅,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး ယခင်နှစ်က ဈေးနှုန်းများအတိုင်းပင် ကျဆင်းလာခြင်း မရှိပေ။ လှိုင်၊ စမ်းချောင်း၊ တာမွေ မြို့နယ်များတွင် ရပ်ကွက်များအတွင်း ဆောက်လုပ်ပြီးစီးသွား သည့် ကန်ထရိုက်တိုက်အရေအ တွက် များပြားလာပြီး အမှန်တ ကယ်နေထိုင်မည့်သူများသာ အ များဆုံးဝယ်ယူကြကာ ဈေးကစား သူများ ၀ယ်ယူမှု လျော့ကျလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ကန်ထရိုက်တိုက်ခန်းများ တွင် ယခင် မြေညီထပ်မှာ ကျပ် သိန်း ၁,၀၀၀ ခန့်ဖြင့် ရောင်းချနေ ရာမှ သင်္ကြန်အပြီးတွင် ကျပ်သိန်း ၉၀၀ ခန့်အထိ ဈေးနှုန်းများလျှော့ ချရောင်းချနေသော်လည်း ၀ယ်ယူမည့်သူ လျော့နည်းနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

Credit : 7daydaily



Follow us on