1. Home
  2. Myanmar News

မန်းတိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်း မီးခံသေတ္တာပျောက်ဆုံမှု့ အတွင်းလူပါဝင်နိုင်ဟု

Myanmar News เม.ย. 25, 2560 view 1,482

မန္တလေးတိုင်းအစိုးရအဖွဲ့က တိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်းအတွင်းက မီးခံသေတ္တာပျောက်ဆုံးမှု့မှာ အခန်းတံခါးသော့တွေပျက်စီးခြင်းမရှိခဲ့တဲ့အတွက် အတွင်းလူပါဝင်နိုင်တယ်လို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောကပြောပါတယ်။ စီစီတီဗွီကင်မရာများကိုစစ်ဆေးမှု့အရ မီးခံသေတ္တာပျောက်ဆုံး ၂၀ ရက်နေ့ည ၃း၅၆ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၄ ရက်နေ့ ရုံးပြန်တက်တဲ့အချိန်မှသာ ပျောက်ဆုံးနေတာကိုသိရှိခဲ့တာဖြစ်တယ်လို့ တွေ့ရှိရတယ်လို့ သိရပါတယ်။

” လုပ်တဲ့သူက အတွင်းလူဖြစ်မှာပေါ့။ CCTV ကင်မရာတွေအကုန်လုံးကို ၀ါးလုံးနဲ့အပေါ်ထောင်ထားတာကိုး။ ဒါက CCTV နဲ့ပတ်သတ်တဲ့ လူဖြစ်ကောင်းလည်းဖြစ်မယ်။ နောက်တစ်ခါ CCTV ရွေ့လို့စောင်းလို့ရနိုင်တယ်ဆိုတာကို သူတို့သိပြီးသားကိုး၊ အခုတပ်ထားတဲ့ ကင်မရာတွေက သူ့နေရာသူ ချိန်ထားပြီးသား၊ ၀ါးလုံးနဲ့ အပေါ်ထောင်လိုက်တဲ့အတွက် ကင်မရာတွေ အကုန်လုံးက အမိုးပေါ်ထောင်ထားသလိုဖြစ်နေတယ်။ ”

လို့ ဦးစိုင်းကျော်ဇောကပြောပါတယ်။ `ပျောက်ဆုံးနေတဲ့ မီးခံသေတ္တာအတွှင်းမှာ ဘာပစ္စည်းတွေပါဝင်တယ်ဆိုတာကိုတော့ မစစ်ဆေးရလို့ အမှု့ဖွင့်မယ် မဖွင့်ဘူးဆိုတာ မသေချာသေးဘူးလို့သိရပါတယ်။ ” မီခံသေတ္တာထားတယ်ဆိုတာက တိုင်းရင်သားရေးရာဝန်ကြီးတစ်ယောက်အနေနဲ့ ဘာစာရွက်စာတမ်းမှ မထားပါဘူး။ ကိုယ်ပိုင် ပိုင်ဆိုင်တဲ့ ပစ္စည်းနဲ့ ငွေပဲထားတာပါ။ အစိုးရငွေတစ်ခုမှ မပါဘူး။ အစိုးရငွေလည်း ကိုင်မသုံးပါဘူး။ တိုင်းရင်းသားရေးရာဌာနအနေနဲ့ သုံးပိုင်ခွင့်လည်းမရှိပါဘူး။ သုံးလည်းမသုံးဘူး။ ၀န်ကြီးဌာနရုံးဖွင့်ရင်တော့တစ်မျိုးပေါ့” လို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောကပြောပါတယ်။ မန္တလေးတိုင်းအစိုးရရုံးအတွင်းမှာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်းအတွင်းက ပစ္စည်းပျောက်ဆုံးမှု့မဖြစ်ခင်ကလည်း အခြားဝန်ကြီး ထံမှာလည်း ငွေကြေးပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသလို အခုနှစ်အတွင်း ပြီးခဲ့တဲ့လပိုင်းအတွင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးအတွင်းမှာလည်း ပစ္စည်းအခိုးခံခဲ့ရဘူးတယ်လို့ သိရပါတယ်။ ”

CCTV ကင်မရာတွေ အကုန်ပြန်လဲရမယ်။ တစ်ချို့ဆို ဟက်ဒစ်တွေပျက်နေတယ်။ ကောင်းကောင်းမမြင်ရတော့ဘူး။ ကောင်းတာတွေကျတော့ ၀ါးလုံးနဲ့အကုန်ထောင်လိုက်တော့ မှတ်တမ်းတွေပြန်ကြည့်တော့ CCTV ကမိုးပေါ်ထောင်သွားတဲ့အချိန်မှာဖြစ်တယ်လို့ ယူဆတယ်” လို့ ဦးစိုင်းကျော်ဇောကပြောပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးရဲ့ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးယူထားတာဖြစ်ပြီး အခုလိုဖြစ်ပွားခဲ့တဲ့ အတွက် လုံခြုံရေးတာဝန်ယူထားတဲ့ရဲဝန်ထမ်းတွေ ပြောင်းလဲထားတယ်လို့ သိရပါတယ်။ E-Government စနစ်အကောင်အထည်ဖော်ပြီးရင်တော့ စမတ်ကဒ်တွေနဲ့ အစိုးရရုံးကိုအ၀င်အထွက် ခွင့်ပြုတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

Credit : kumudranews



Follow us on