1. Home
  2. Special or Others

သမီးအတွက် မင်္ဂလာဆောင် ကုန်ကျစရိတ်ကို နေစရာအိမ်မရှိသူများအတွက် အခမဲ့နေစရာ အိမ်ခန်းများ ဆောက်လုပ်ပေးခဲ့တဲ့ သူဌေးကြီး(ရုပ်/သံ)

Special or Others เม.ย. 25, 2560 view 1,503
အိန္ဒိယနိုင်ငံက အစတ်အထည်နှင့် ဂျုံစေ့လုပ်ငန်းရှင် သူဌေးဖြစ်သူ Ajay Muont က သမီးမင်္ဂလာဆောင်အတွက် အသုံးပြုရန် ရည်ရွယ်ထားသော အိန္ဒိယရူပီးငွေ ၁၅ သန်းကို နေစရာနေရာမရှိသော ဆင်းရဲချို့တဲ့သူများနေထိုင်ရန် အိမ်ခန်းပေါင်း အလုံး ၉၀ ဆောက်လုပ်ပြီး သမီးအတွက် မင်္ဂလာအခမ်းအနားလက်ဖွဲ့အမှတ်တရ ဖြစ်စေခဲ့ပါတယ်။
 
 
ဒီပိုက်ဆံတွေကို သမီးရဲ့မင်္ဂလာဆောင်မှာ သုံးလိုက်မယ်ဆိုရင် တစ်ဦးတစ်ယောက်ပဲ ပျော်ရွှင်ရမယ့် အခုလို ဆင်းရဲချို့တဲ့သူတွေအတွက် သုံးလိုက်တော့ ရာနဲ့ချီတဲ့လူတွေကို ပျော်ရွှင်မှုတွေ ဖြစ်စေတာပေါ့လို့ သူ့ရဲ့ အတွေးအကြံကို သူဌေးကြီးကပြောပြခဲ့ပါတယ်။
 
သူဆောက်လုပ်ပေးထားတဲ့အိမ်တွေမှာ နေဖို့အတွက် အမှန်တစ်ကယ်ကို ဆင်းရဲတဲ့သူ ဖြစ်ရပါမယ်၊ ဟိုးယခင်ကတည်းက ဆင်းရဲတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရသူ၊ မူးယစ်ဆေးဝါး လောင်းကစား အစရှိသည်တို့ စွဲနေသူ မဖြစ်ရပါဘူး၊ စတဲ့ စံသတ်မှတ်ချက်လေးတွေ ချမှတ်ထားပါတယ်။ အဲဒီစံနှုန်းတွေနဲ့ ကိုက်ညီနေသ၍ သူဆောက်လုပ်ပေးထားတဲ့ အိမ်မှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။
 
 
သူ့ရဲ့သမီးဖြစ်သူ Sheyra က ဖခင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။ သူမရဲ့ မင်္ဂလာအခမ်းအနားဟာ ရိုးရိုးစင်းစင်းလေး ကျင်းပလိုက်ရပေမယ့် ပျော်စရာအကောင်းဆုံး၊ အမွန်မြတ်ဆုံး မင်္ဂလာဆောင်တစ်ခုဖြစ်ခဲ့ပါတယ်။ 
 


Follow us on