1. Home
  2. Special or Others

တည်းခိုဖူးတဲ့စုံတွဲတွေ ကွာရှင်းတဲ့အခါ အခန်းခပိုက်ဆံပြန်အမ်းပေးမယ့် ဟိုတယ်

Special or Others เม.ย. 26, 2560 view 1,743
ဆွီဒင်နိုင်ငံမှာရှိတဲ့ ဟိုတယ်လုပ်ငန်းတစ်ခုက သူ့ဟိုတယ်တွေထဲက တစ်ခုခုမှာ တည်းခိုခဲ့ဖူးတဲ့ စုံတွဲတွေ ကွာရှင်းပြတ်စဲကြတဲ့အခါ ငွေပြန်အမ်းပေးမယ့် အစီအစဉ် တစ်ခုကို အကောင်အထည်ဖော်လိုက်ပါတယ်။
 
 
Countryside Hotel လုပ်ငန်းစုက လက်ထပ်ပြီး ပျားရည်ဆမ်းခရီးထွက်လာကြတဲ့ စုံတွဲတွေ သူတို့ဟိုတယ် တစ်ခုခုမှာ တည်းခိုနေထိုင်ခဲ့ပြီးနောက် တစ်နှစ်အတွင်း ကွာရှင်းပြတ်စဲပါက နှစ်ညတာတည်းခိုတဲ့ ကုန်ကျစရိတ်ကို ပြန်အမ်းသွားမှာဖြစ်ပါတယ်။
 
အိမ်ထောင်ပြုလိုက်ရတဲ့အပေါ်မှာ စိတ်မတင်မကျဖြစ်နေသူတွေ၊ သံသယရှိနေတဲ့ စုံတွဲတွေအတွက် ဒီအစီစဉ်ဟာ အရှုံးမရှိတဲ့အတွက် စွဲဆောင်မှုရှိစေပါတယ်။ ဟိုတယ်ရဲ့ အုပ်ချုပ်သူတစ်ဦးဖြစ်တဲ့ ပီထရာဖာဂရီရယ်ဂျန်ဆင်က ဟိုတယ်ဘက်က ငွေရေးကြေးရေး ကုန်ကျစရာရှိတဲ့ အစီစဉ်တစ်ခုဖြစ်ပေမယ့် ခရီးထွက်လိုက်တာကြောင့် လူတွေရဲ့ အိမထောင်ရေးပြဿနာတွေ ပြေလည်သွားနိုင်တယ်လို့ ယုံကြည်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
ယခုအစီအစဉ်အတိုင်းပါဝင်ဖို့ဆိုရင် တည်းခိုမည့် စုံတွဲတွေဟာ တရားဝင်လက်ထပ်စာချုပ်ပြသပြီး အခန်းတစ်ခန်းထဲမှာ အတူတူ တည်းခိုနေထိုင်ရပါမယ်။ နောက်ပိုင်း တစ်နှစ်အတွင်းမှာ ကွာရှင်းခဲ့ကြပြီး ပိုက်ဆံပြန်လည်တောင်းခံဖို့ဆိုရင် တရားရုံးရဲ့စာရွက်စာတမ်းတွေကို တင်ပြပြီး တည်းခိုခ ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
 
 
ခရီးထွက်ကြတဲ့ စုံတွဲတွေဟာ ဟိုတယ်ခ ပြန်လည်ရယူလိုမှုကြောင့်တော့ သူတို့ရဲ့ အိမ်ထောင်ရေးကို အပျက်စီးခံမယ် မထင်ပါဘူးလို့ ဟိုတယ်ရဲ့ ဈေးကွက်မန်နေဂျာ ပြောဆိုခဲ့ပါတယ်။ 
 
>> တည်ခိုးချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ ဘွခ်လုပ်လို့ရပါပြီ <<


Follow us on