1. Home
  2. Movie Stars - Celebrity

လုယက်ခံရမှုကြောင့် ဆေးရုံတင်ထားရတဲ့ သျှားထွဋ်အိန္ဒြာ အမေ

Movie Stars - Celebrity เม.ย. 26, 2560 view 1,947

သျှားထွဋ်အိန္ဒြာရဲ့မိခင် ဒုတိယအကြိမ် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။ သျှားထွဋ် ရဲ့ အမေကို လူသုံးယောက်က ကိုင်ဆောင်ထားတဲ့ ဖုန်းကို ၀ိုင်းလုခဲ့ ကြပါတယ် ပစ္စည်းမပေးတဲ့ အတွက်လူကို ကိုယ်ထိလက်ရောက်လုပ်ခဲ့ တာကြောင့် သျှားထွဋ် မိခင်ဟာ ဦးနှောက်ထဲ သွေးရောက်ခဲ့ ရပါတယ် ၁၉ ရက်နေ့က Sakura ဆေးရုံမှာ ပထမအကြိမ် ကုသမှုခံယူခဲ့ ပြီး ဆေးရုံဆင်းခဲ့ ပါတယ် ။မသက်သာတဲ့ အတွက် ၂၄ ရက်နေ့မှာ ဒုတိယအကြိမ် ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံထပ်တက်နေရတာလဲ ဖြစ်ပါတယ် ။

ထိုကိစ္စနဲ့ ပတ်သတ်ပြီး သျှားက သူမ ရဲ့ အကောင့်မှာ "အမေ့ရဲ့ဖုန်းကိုလုယူပါတယ်။ မရလို့ကိုယ်ထိလက်ရောက်စော်ကားတယ်။ ၃ ယောက်ဝိုင်းလုပ်ပါတယ်။ ဆံပင်စောင့်ဆွဲပါတယ် အမေ့ကိုထိလို့ ညီမအိမ်အောက်ကိုဆင်းပြီး ကောင်းကောင်းမွန်မွန်တောင်းပါတယ်။ ညီမကို ကိုယ်ထိလက်ရောက် ထပ်စော်ကားပါတယ်။ ညီမပြန်လုပ်ပါတယ်။ ညီမအမေကိုလုပ်တဲ့အတွက်ရော ညီမကိုလုပ်တဲ့အတွက်ပါ ညီမလုပ်တာပါ။ အခုရဲစခန်းမှာအမှူဖွင့်နေရင်းနဲ့ အမေသတိလစ်သွားပါတယ်။ သူတို့ကိုစခန်းခေါ်တာကိုသူတို့မလာပါဘူး။ အမေကအသံထွက်ပြီး တကိုယ်လုံးလှူပ်လို့မရပါဘူး ပြီးတော့ လုံးဝခေါ်လို့မရပဲသတိလစ်သွားပါတယ်။" လို့ ရေးသားပြောပြထားပါတယ်။

အမေဖြစ်သူကို ကိုယ်ထိလက်ရောက် လုပ်သွားတဲ့ သုံးယောက်ကိုလည်း တရားဥပဒေအရ ဆက်လက်ဆောင်လုပ်ဆောင်သွားမယ်လို့ လဲပြောထားပါသေးတယ်။

Credit:Sharhtut



Follow us on