
တရုတ်တွင် တည်ဆောက်နေသည့် တိုက်တန်းနစ်ပုံစံတူဧရာမသင်္ဘောကြီး စတင်ရုပ်လုံးပေါ်လာပြီဖြစ်သည်။ ရေခဲကျောက်ဆောင်နှင့်တိုက်မိပြီးနောက် သင်္ဘောကြီးနစ်သွားသည့်ခံစားချက်မျိုး ဧည့်သည်များ ခံစားရစေရန် ထည့်သွင်းလုပ်ဆောင်သွားမည်ဟု ပိုင်ရှင်တရုတ်သူဌေးကြီးက ဆိုခဲ့သော်လည်း များစွာဝေဖန်ခံရသဖြင့် ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ စီချွမ်ပြည်နယ်ရှိ ဥယျာဉ်ကြီးတစ်ခုတွင် ဒေါ်လာ ၁၂၅ သန်း အကုန်ကျခံကာ တိုက်တန်းနစ်နှင့် ချွတ်စွပ်တူသည့် သင်္ဘောကြီးကို တည်ဆောက်နေခြင်းဖြစ်သည်။
.jpg)
အဆိုပါပုံစံတူသင်္ဘောကို ဒေယင်ကွီမြစ်ထဲတွင်သာ ဆိုက်ကပ်ထားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ မူလတိုက်တန်းနစ်သင်္ဘောကြီးကို တည်ဆောက်စဉ်က ဒေါ်လာ ၅ ဒသမ၈၈ သန်း ကုန်ကျခဲ့သည်။ သင်္ဘောကြီးသည် ပထမဦးဆုံးရေကြောင်းခရီးစဉ်တွင်ပင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ အခန်းတံခါးလက်ကိုင်များက အစ မူရင်းတိုက်တန်းနစ်နှင့် ထပ်တူထပ်မျှ တူအောင် လုပ်သွားမည်ဖြစ်သည်။ ယင်းသင်္ဘောတွင် တစ်ည တည်းခိုပါက အနည်းဆုံး ဒေါ်လာ ၃၆၀ ခန့် ကျသင့်မည်ဖြစ်ပြီး အများဆုံး ဒေါ်လာ ၁၃ ၀၀၀ ခန့် ကျသင့်နိုင်သည်။ အကခန်းမကြီးနှင့် လှေကားများလည်းမူရင်းတိုက်တန်းနစ်ပုံစံအတိုင်း ဖြစ်နေမည်ဖြစ်သည်။
.jpg)
(9).jpg)
comment