1. Home
  2. Special or Others

ဆရာမကိုပဲ အသည်းစွဲအောင် ချစ်ခဲ့တဲ့ ပြင်သစ်သမ္မတလောင်း

Special or Others เม.ย. 27, 2560 view 2,380
လာမည့်မေလမှာ ပြင်သစ်နိုင်ငံရဲ့ သမ္မတဖြစ်လာတော့မယ့် Emmanuel Macron ဟာ အသက် ၃၉ နှစ်အရွယ်သာရှိသေးပြီး ငယ်စဉ်အထက်တန်းကျောင်းက သူ့ရဲ့ဆရာမဖြစ်သူနဲ့ လက်ထပ်ခဲ့သူဖြစ်ပါတယ်။
 
 
အထက်တန်းကျောင်းတက်စဉ် သူ့ရဲ့ဆရာမကို တိတ်တခိုးကျိတ်ပိုးခဲ့ရသူဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ဆရာမက အသက် (၄၀) အရွယ်ဖြစ်ပြီး အိမ်ထောင်ရေးပြေလည်နေတဲ့ ကလေး ၃ ယောက် မိခင်လည်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထူးဆန်းတာက ဆရာမရဲ့ သမီးတစ်ယောက်က သူ့နဲ့ တစ်ခန်းထဲစာသင်ကြတဲ့ အတန်းဖော်ဖြစ်ပါတယ်။
 
သူ့ရဲ့မိဘတွေနဲ့ အခြားသူတွေအားလုံးက သူ့ရဲ့အတန်းဖော် ကောင်မလေးနဲ့ ချစ်သူဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် သူတစ်ကယ်ကျိတ်ပြီး ချစ်ခဲ့ရတာကတော့ ကောင်မလေးရဲ့ အမေ၊ ဆရာမကိုပဲ ဖြစ်ပါတယ်။
 
 
သူအသက် ၁၇ နှစ်အရွယ် ဆရာမက အသက် ၄၂ နှစ်အရွယ်မှာ ဆရာမကို တစ်နေ့ကျရင်လက်ထပ်မယ်လို့ ထုတ်ပြောကတိပြုခဲ့ပြီး ၂၀၀၇ ခုနှစ်၊ သူက အသက် ၃၀ အရွယ်၊ ဆရာမက ၅၅ နှစ်ပြည့်ကာနီးအချိန်မှာ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။
 
ရှေ့လထဲမှာ ပြင်သစ်နိုင်ငံရဲ့ သမ္မတဖြစ်လာတော့မယ့် သူဟာ အခုဆိုရင် အသက် ၄၀ ပြည့်တော့မှာဖြစ်ပြီး သူ့ရဲ့ ဇနီးကတော့ သားသမီး ၃ ယောက်နဲ့ မြေး ၇ ယောက်ရှိပါတယ်။ သူဇနီးရဲ့ အကြီးဆုံးကလေးက သူ့ထက်ပင် အသက်နှစ်နှစ်ပိုကြီးပါတယ်။
 
 
ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာဆိုသလိုပဲ ဆရာမကိုပဲ အသည်းစွဲအောင် ချစ်တော့မည်ဆိုတဲ့ တစ်ကယ့်အာဂ ပြင်သစ်သမ္မတလောင်း ဖြစ်ပါတယ်။
 


Follow us on