1. Home
  2. Myanmar News

ကမ္ဘာ့နိုင်ငံကူးလက်မှတ် အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ကိုဆိုဗိုနိုင်ငံနှင့် အဆင့်တူနေ

Myanmar News เม.ย. 27, 2560 view 1,523
ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ကိုဆိုဗို နိုင်ငံနှင့် အတူ ဗီဇာလွတ်လပ်ခွင့်အဆင့် ၈၅ နေရာ ရရှိခဲ့ကြောင်း နိုင်ငံတစ်ကာ နိုင်ငံကူးလက်မှတ်စောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားရှိချက်အရသိရသည်။
 
မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က သမ္မတ နိုင်ငံ အဖြစ် ကြေညာခဲ့သော ကိုဆိုဗို နိုင်ငံနှင့်အတူ ရမှတ် ၄၁ မှတ်ဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၁၉၉ ခုတွင် အဆင့် ၈၅ နေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်းအဆိုပါ အဖွဲ့၏ စာရင်းတွင် ဖော်ပြထားသည်။ 
 
 
လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ဘရူနိုင်းနိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ဟေတီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မိုက်ခရိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ St. Vincent and the Grenadines နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့သို့ သွားရောက်ရန် အတွက် ဗီဇာယူရန်မလိုအပ်ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်သော စာရင်းအရ သိရသည်။
 
ဆိုက်ရောက်ဗီဇာယူနိုင်သော နိုင်ငံအနေဖြင့် Armenia နိုင်ငံ၊ ဘိုလီဗီးယားနိုင်ငံ၊ Cape Verde နိုင်ငံ၊ Comoros နိုင်ငံ၊ အိုက်ဗရီကို့စ် နိုင်ငံ (E-visa လည်းယူနိုင်)၊ Djibouti နိုင်ငံ၊ ဒိုမီနီကန်နိုင်ငံ၊ Guinea-Bissau နိုင်ငံ၊ အီရန်နိုင်ငံ၊ ကင်ညာနိုင်ငံ(E-visa လည်းယူနိုင်)တို့ အပါအဝင် ၂၇ နိုင်ငံရှိကြောင်းသတင်းရရှိသည်။  
 
နိုင်ငံတစ်ကာ နိုင်ငံကူးလက်မှတ်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သောစာရင်းအရ အဆင့်တစ်နေရာတွင် ဂျာမနီနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ကရောက်ရှိနေကာ အဆင့်နှစ်နေရာတွင် ဆွီဒင်နိုင်ငံနှင့် အဆင့်သုံးနေရာတွင် မူဒိန်းမတ်နိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံ၊ နော်ဝေးနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့ ရှိနေကြသည်။ အနိမ့်ဆုံးအဆင့်ဖြစ်သောအဆင့် ၉၂ တွင်မူပါကစ္စတန်နိုင်ငံနှင့် အဆင့် ၉၃ နေရာတွင် အာဖဂန်နစ္စတန် နိုင်ငံတို့ ရှိနေကြကြောင်းထုတ်ပြန်ထားသောစာရင်းအရသိရသည်။ 
 
Credit:ပြည်မြန်မာ
 


Follow us on