ကြည်မြင့်တိုင် ဗားကရာဆိပ်ကမ်းမှ ရခိုင်ပြည်နယ်သို့ ထွက်ခွာမည့် ရေယာဉ်တစ်စီးမှာ ကုန်တင်ချိန်တွင် အလေးချိန်မညီမျှမှုကြောင့် တစ်ဖက်သို့ စောင်းကာ ဖြည်းဖြည်းခြင်း နစ်မြုတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေလက်ဝါး ကုန်တင်ရေယာဉ်သည် ဧပြီလ ၂၆ ရက်နေ့က ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်းတွင် ဆိပ်ကပ်ထားပြီး ကုန်များဖြည့်တင်ခဲ့ရာ နေ့လည် ၃ နာရီ ၂၅ မိနစ်အချိန်တွင် ရေယာဉ်၏ ညာဘက်အခြမ်း တိမ်းစောင်းပြီး ရေများဝင်လာရာ နစ်မြုတ် နိုင်သော အခြေအနေ ဖြစ်ပေါ်လာသဖြင့် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး ၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး ရောက်ရှိလာကာ ကုန်တင်စက်လှေပေါ်ရှိလူနှင့် ကုန်ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြရသည်။
အဆိုပါရေယာဉ်မှာ ၂၇ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ဗားကရာဆိပ်ကမ်း၌ လုံးဝနစ်မြုတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
Source:ThanHtay