1. Home
  2. Movie Stars - Celebrity

ဗိုလ်အောင်ဒင် ကိစ္စ ဂီတအစည်းအရုံးတွင် ဖြေရှင်းခဲ့ ရ

Movie Stars - Celebrity เม.ย. 27, 2560 view 1,487

အဆိုတော် မနော် ရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ် ဖြစ်တဲ့ “ဗိုလ်အောင်ဒင်” သီချင်းခေါင်းစဉ်ဟာ ဆရာကြီး ရွှေဒုံးဘီအောင် ရဲ့ စကားလုံးဖြစ်ပြီး ခွင့်ပြုချက်မရှိပဲ သုံးစွဲနေခြင်းကို ညှိနိုင်းဆွေးနွေးပေးပါရန် ဆိုတဲ့ တိုင်ကြားစာ တစ်စောင် ဂီတ အစည်းအရုံးသို့ ရောက်ရှိလာကြောင်းသိရပါတယ်။ ဒီတိုင်းကြားစာကတော့ ရွှေဒုံးဘီအောင် ရဲ့မြေးဖြစ်သူ မခင်သန့်စင်အောင်ကတိုင်ကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

“အဲ့ဒိတိုင်ကြားစာ ရောက်ပါတယ်။ အစည်းအရုံးက ၂၄ ရက်နေ့ပြန်ဖွင့်ပါတယ် ။ ၂၅ ရက်နေ့မှာတော့ နှစ်ဖက်မျက်နှာ စုံညီဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်အောင်ဒင် သီချင်းက ဗိုလ်အောင်ဒင်နဲ့ မမြ၀င်း ဆိုပြီး မိန်းကလေးအဆိုတော်တစ်ယောက်ကလဲ ဆိုထားတာ ရှိနေပါတယ်။ သူ့ကိုလည်းခေါ်ထားခဲ့ပါတယ်။ ရွှေဒုံးဘီအောင် မိသားစု ၀င်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်” လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ပြောထားပါတယ်။

၂၅ ရက်နေ့ တွေ့ဆုံပွဲမှာ အဆိုတော်အနော် က ပွဲတစ်ပွဲ ရှိနေလို့ မသွားဖြစ်ခဲ့ ပေမယ့် တေးရေး ဆရာ ကိုယ်တိုင် လာရောက်ပြီး မိသားစု ၀င်တွေနဲ့ ဆွေးနွေးတောင်းပန်ခဲ့ တယ်လို့ လဲ သိရပါတယ် ။



Follow us on