1. Home
  2. Myanmar News

ရန်ကုန်မှာ တည်းခိုဆောင်တည်းတဲ့ နိုင်ငံခြားသားတစ်ဦးကို တစ်ဒေါ်လာ ကောက်ခံဖို့ စီစဉ်

Myanmar News เม.ย. 28, 2560 view 1,414

ရန်ကုန်တိုင်းဒေသကြီးရှိ တည်းခိုဆောင် (Ho-stel)တွေမှာ တည်းခိုတဲ့နိုင်ငံခြားသားတွေကိုတစ်ဦးကိုတစ်ဒေါ်လာစီ ရန်ပုံငွေအဖြစ်ကောက်ခံဖို့ စီစဉ်နေပါတယ်။ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံခြားခရီးသွား  ဧည့်သည်တွေဟာ Hostel တွေမှာ အများဆုံးတည်းခိုနေတာကို  တွေ့ရပါတယ်၊ ဒါကြောင့်တိုင်းဒေသကြီးခရီးသွား ရန်ပုံငွေအတွက် ဒါကိုကောက်ခံဖို့စီစဉ်တဲ့နေရာမှာ ဟိုတယ်ခရီးသွားဝန်ကြီးရုံးက အကြံပြုလမ်းညွှန်ပေးစေလိုပါတယ်လို့ အမျိုးသားခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာပြောကြား ပါတယ်။

Hostel တွေကို နှစ်စဉ်ကြေး ကောက်ခံတဲ့နေရာမှာ ခုတင်အရေ အတွက်အလိုက် ကောက်ခံဖို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က အစည်းအဝေးမှာ တင်ပြပါတယ်။ ဒါ့အပြင် Hostel တွေအနေနဲ့ လိုင်စင်မဲ့၊ လိုင်စင်လွှဲပြောင်းတာနဲ့ သက်တမ်းကျော်နဲ့ တိုးချဲ့ဆောင်ရွက်တာတွေကိုလည်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနရဲ့ ဥပဒေအတိုင်းဆောင်ရွက်ခွင့်ပြုဖို့တင်ပြပါ တယ်။ နောက်ထပ်ကတော့ Back- packers များနဲ့ ပတ်သက်ပြီး ပြည်ထောင် စုဝန်ကြီးရုံးကချမှတ်ထားတဲ့ အခြေခံအချက်တွေ ရှိ မရှိစစ် ဆေးပြီးတော့ တိုင်းအစိုးရ အစီအစဉ်နဲ့ယာယီလိုင်စင်တွေထုတ် ပေးခွင့်ပြုပေးဖို့ တင်ပြအပ်ပါတယ် လို့ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုကိုကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ လက်ရှိအချိန်ထိတော့ အရည်အသွေးမီတဲ့ ဟိုတယ်နဲ့အိပ်ခန်းတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Credit : kumudranews



Follow us on