1. Home
  2. Special or Others

ရွှေရောင်ပိုးလမ်းမတံတားအဖြစ် ဖန်တီးဆောက်လုပ်ထားသည့် ပယင်းတံတား

Special or Others เม.ย. 28, 2560 view 1,553

တရုတ်ကုန်သွယ်ရေးပိုးလမ်းမနှင့် ကူးသန်းဆက်သွယ်ရေးကို အနုပညာဖြင့် ဖန်တီးပုံဖော်သည့်အနေဖြင့် တရုတ်အနု လက်ရာပညာရှင် ရှုယုံက ပယင်းတုံးများ ဖြင့်တည်ဆောက်ထားသည့် ရွှေရောင် တံတားတစ်စင်း ဖန်တီးပြုလုပ်ထားခဲ့ ကြောင်းသိရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ခန့် မှယနေ့ချိန်ထိ အသုံးပြု နေဆဲဖြစ်သော မြောက်ပိုင်းမှကျောင်း ကျိုတံတားအသွင် ကိုယူကာ ပယင်းကျောက်တုံး၂၀၀၀၀ဖြင့် ယခုပယင်းပိုးလမ်းမတံတားကို ဖန်တီး ထားခဲ့ခြင်းဖြစ်သည်။

တံတားတွင်အလှ ဆင်အသုံးပြုထားသည့် ပယင်းတုံးများမှာ အတုများဖြစ်ပြီး ပယင်းတုံးများ၏အရွယ် အစားမှာ မဟာတံတိုင်းရှိ အုတ်ချပ်များနှင့် အရွယ်အစားတူပြုလုပ်ထားခြင်းဖြစ် ကြောင်း သိရသည်။ ပယင်းတုများထဲတွင် ပိုးလမ်းမကို ရည်ညွှန်းသည့်အနေဖြင့် ပိုးထည်များဖြင့် ပြုလုပ်ထားသော ပိုးပန်း ပွင့်လေးများ အသေးစိတ်ထည့်မြှုပ်ထား ခဲ့ပြီး အနုစိတ်သည့်လက်ရာအဖြစ် ရှုယုံ ကဖန်တီးပြသခဲ့ခြင်းဖြစ်သည်။ ပယင်း တံတားမှာ အရှည် ၉၁ပေရှိပြီး အကျယ် ၁၉ပေရှိကာ အရှေ့နှင့်အနောက် ရင်းနှီး ချစ်ကြည်မှုကို ပြသသည့် အနုပညာလက် ရာတစ်ခုဖြစ်ကြောင်း ရှုယုံက ဖြေကြား သွားခဲ့သည်။

 



Follow us on