1. Home
  2. Myanmar News

စကားများရန်ဖြစ်ရာမှ အဒေါ်ဖြစ်သူမှ တူမကို ရ်တင်းနှင့်ခုတ်ရာ တူမသေဆုံး

Myanmar News พ.ค. 02, 2560 view 1,718
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ ကြွယ်ကန်ကျေးရွာအုပ်စု သက်ကယ်ရေတဲရွာစုတွင် အဒေါ်နှင့် တူမဖြစ်သူတို့ စကားများကြရာမှ ရန်ပွဲဖြစ်ကာ အဒေါ်မှ တူမဖြစ်သူကို ရဲတင်းနှင့် ခုတ်ရာ တူမဖြစ်သူ သေဆုံးခဲ့ရသည်။
 
ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက် ညပိုင်းက တစ်ရွာတည်းနေတူမဖြစ်သူ အချိုမာ (၂၅ နှစ်)နှင့် အဒေါ်ဖြစ်သူ မခိုင် (၃၄ နှစ်)တို့ စကားများ ရန်ဖြစ်ကြရာမှ အဒေါ်ဖြစ်သူက အနီးရှိ ရဲတင်းဖြင့် ခုတ်လိုက်ရာ တူမဖြစ်သူ၏ ဝဲဘက်ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ တူမဖြစ်သူကလည်း အဒေါ်ကို ဝါးရင်းတုတ်ဖြင့် ပြန်လည် ရိုက်နှက်သဖြင့် အဒေါ်ဖြစ်သူ၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။
 
ရဲတင်းနှင့် ခုတ်ခံရသော ဒဏ်ရာအား ချော်လဲသည်ဟု လိမ်ညာကာ ဝမ်းတွင်းဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသရင်း ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံးကြီးသို့ လွှဲပြောင်း ကုသစဉ် ဧပြီ ၂၈ ရက်နေ့၌ သေဆုံးသွားခဲ့သည်။
 
သေဆုံးခဲ့သူ အချိုမာ၏ ခင်ပွန်းဖြစ်သူက ဇနီးသည်၏ အဒေါ်ဖြစ်သူ မခိုင်အား ဧပြီ ၃၀ ရက်နေ့တွင် ဝမ်းတွင်းမြို့မရဲစခန်း၌ အမှုဖွင့်တိုင်းကြားထားပြီး အမှုမှန်ပေါ်ပေါက်ရန် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
 
Ref:myanmaralin
 


Follow us on