1. Home
  2. Myanmar News

တက္ကစီ တစ်သောင်းဖိုး အလကားစီးကြမယ်…

Myanmar News พ.ค. 02, 2560 view 1,469

အခုလို ပူပြင်းတဲ့ရာသီဥတုမှာ တစ်နေရာကနေ တစ်နေရာကို အဲကွန်းအေးအေးလေးနဲ့ တက္ကစီလေးကို အခမဲ့လေး မစီးချင်ဘူးလား?

မြန်မာနိုင်ငံကို ၀င်ရောက်လာတဲ့ အမေရိကန်အခြေစိုက် အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က သူ့ရဲ့အက်ပလီကေးရှင်းကို အသုံးပြုပြီး တက္ကစီငှားစီးသူတိုင်းကို တစ်သောင်းဖိုးအထိ အခမဲ့ တက္ကစီ ပေးစီးမှာဖြစ်ပါတယ်။

အက်ပလီကေးရှင်းကနေ တက္ကစီငှားစီးရမှာဆိုတော့ နည်းနည်းတော့ ခက်မယ်လို့ ထင်ကြမှာပါ။ တကယ်တမ်းက လွယ်လွယ်လေးပါ။ Uber နဲ့ အခမဲ့ တက္ကစီတစ်သောင်းဖိုး ဘယ်လိုစီးမလဲ ဆိုတော့-


ပထမဆုံး Play Store ကနေ Uber App ကို ဒေါင်းလုတ်ဆွဲပါမယ်။ iOS သမားတွေကတော့ Uber ဆိုပြီးပဲ ရိုက်ရှာလိုက်ပါ။ အဖြူအောက်ခံမှာ အမည်းလေးထောင့်ပုံလေးနဲ့ Uber အက်ပလီကေးရှင်းကိုတွေ့ရမှာပါ။ ဒေါင်းလုတ်ဆွဲပြီး Install လုပ်ပြီးရင်တော့ အင်တာနက်ဖွင့်ထားပြီး ကိုယ့်ရဲ့ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးရပါမယ်။ အတည်ပြုဖို့ Code လေးလုံးကို Uber က ပြန်ပို့ပေးပါလိမ့်မယ်။ အတည်ပြု code ရိုက်ထည့်ပြီးတာနဲ့ အက်ပလီကေးရှင်းကို စသုံးလို့ရပါပြီ။

 

ဒီကနေတဆင့် Download လုပ်လို့ရပါတယ်။

https://play.google.com/store/apps/details?id=com.ubercab&hl=en

 

Free စီးဖို့အတွက်ဆိုရင် ပရိုမိုးရှင်း Code တောင်းရပါမယ်။ ဘယ်ဘက်ထောင့်အပေါ်ဆုံးမှာ Menu ရှိပါတယ်။ နှိပ်လိုက်ပါ။ အောက်ကလို ကျလာပါမယ်။ ပြီးရင် Payment ထဲက Promotion ကိုနှိပ်ပါ။

Code တောင်းရင် “yangonmaytest” ဆိုတာကို အကုန်အသေး (ဒါမှမဟုတ်) အကြီး ရိုက်ထည့်ပါ။ ဒါဆိုရင်တော့ Uber ရဲ့ ပရိုမိုးရှင်း အခမဲ့ တစ်သောင်းဖိုး တက္ကစီ ငှားစီးလို့ရပါပြီ။

 

Uber အက်ပလီကေးရှင်းကို ဖွင့်လိုက်ရင် ကိုယ်ရောက်နေတဲ့ နေရာကို ပြပါလိမ့်မယ်။ သွားချင်တဲ့နေရာကို မြေပုံပေါ်မှာထောက်ပြီး Done ကိုနှိပ်လိုက်တာနဲ့ ကားရောက်မယ့်အချိန် နဲ့ ကားရှိနေတဲ့ နေရာကို ပို့ပေးပါလိမ့်မယ်။ ပြီးရင် တက္ကစီသမားက ကိုယ့်ကို ဖုန်းဆက်လာပါလိမ့်မယ်။

သွားမယ့်နေရာကို အတည်ပြုပြီးရင်တော့ အဲကွန်းကားအေးအေးလေးနဲ့ လိုရာခရီးကို ရောက်နိုင်ပြီဖြစ်ပါတယ်။ ကားစီးနေချိန်တောက်လျှောက်မှာ အင်တာနက်ဖွင့်ထားဖို့တော့လိုတယ်နော်။ ဒါမှ ကျသင့်ငွေ ထွက်လာပြီး တစ်သောင်းဖိုးအထိ အခမဲ့စီးနိုင်မှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းက မေလ ၅ ရက်ထိပဲဆိုတော့ မြန်မြန်သာငှားစီးလိုက်နော်။

 
Credit : မင်းသုခ (အခရာ)



Follow us on