1. Home
  2. Movie Stars - Celebrity

ရေတံခွန် ကနေပြုတ်ကျတဲ့ သင်ဇာဝင့်ကျော်

Movie Stars - Celebrity พ.ค. 02, 2560 view 1,668

သင်ဇာဝင့်ကျော်ဟာ တည်ကြက် ရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူးခဲ့ ပါတယ်။ တည်ကြက်ဇာတ်ကားမှာ နေတိုး အပြင် မင်းသမီး ၆ယောက်လဲပါဝင်ပြီး ရတနာမြေပုံ ရှာဖွေတဲ့ ဇာတ်လမ်းဆိုတော့ ဖိုက်တိုင်ခန်းတွေလဲ ပါဝင်ပါတယ် ။ ရိုက်ကူးရေး အတွက် ၀က်ဝံရေတံခွန် မှာ ဇာတ်ဝင်ခန်းတခုကို ရိုက်ကူးနေရင်း ခြေချော်ကျ ပေမယ့် လူကြမ်းတစ်ဦးက ဆွဲထားလိုက်တာကြောင့် အန္တာရာယ် တစ်စုံတရာ မဖြစ်ခဲ့ ပါဘူး ။

သင်ဇာကလဲ “လန့်သွားတယ် ။သွားပြီဆိုပြီး အောက်ကိုပြုတ်ကျရင်သေများ သေမလား ၊ မသေရင်တောင်ကျိုးမလား ၊ ပဲ့မလား ၊ တစ်ခုခုဖြစ်သွားမလားလို့ပေါ့ ။ တစ်ခုခုဖြစ်ရင် အလုပ်တွေရပ်လိုက်ရမှာလဲစိုးရိမ်တယ်” လို့ ပြောထားပါတယ် ။

‘‘ဝက်ဝံရေတံခွန်အဆင်း လမ်း၊ အဆင်းတုန်းကတော့ ဘာ မှမဖြစ်ဘူး။ အတက်ကျတော့ အောက်မှာရိုက်ပြီး မောပန်းနေ တာ။ ရေတံခွန်မှာရိုက်တော့ ဖိနပ်တွေကလည်း ရေစိုနေတယ်။ ရေ စိုတော့ ချောပြီး အောက်ကိုလျှော ကျတော့မလို့။ ဆွဲတဲ့လူတောင် ပြုတ်ကျတော့မလို့။ နောက်ဆုံး လူကြမ်းတစ်ယောက်က အစ်ကို တစ်ယောက်က သေချာဆွဲ၊ နောက်ကလည်း နှစ်ယောက် လောက်ပါလို့ဘာမှ မဖြစ်ခဲ့ တာ”လို့လဲ ပြောထားပါတယ်။

တချို့ အကြမ်းကားတွေလဲ ပင်ပန်းခဲ့ ပေမယ့် ဒီကားကတော့ အမှတ်တရ တွေများခဲ့ တဲ့ ကားလဲ ဖြစ်ပါတယ် ။ တစ်ရက်နှစ်ရက် ပင်ပန်းတာ မဟုတ်ပဲ နေ့တိုင်းလိုလို ပင်ပန်းခဲ့ ပါတယ်။ အရမ်းကြမ်းတဲ့ ခရီးတွေ ထွက်ရတာကို ရိုက်တာဆိုတော့ အရမ်းပင်ပန်းတာ ပါ ဆိုပြီး ရိုက်ကူးရေး အတွေ့အကြုံတွေကို လဲ ပြောပြသွားခဲ့ ပါတယ်။

ယခုတော့ သင်ဇာဟာ ပြင်ဦးလွင်ရိုက်ကူးရေးပြီးသွားပြီး ရန်ကုန်ကို ဘေးရန်မခပဲ ပြန်ရောက်နေပီလဲ ဖြစ်ပါတယ် ။ မေလ ပထမ အပတ်မှာလဲ ပုပ္ပားမှာ ရိုက်ကူးရေး ရှိသေးတယ်လို့ လဲ ပြောသွားခဲ့ ပါတယ် ။

 

 

Credit:7Day

The X Factor Myanmar 2017 သီချင်းဆိုပြိုင်ပွဲကြီး ပရိသတ်ရဲ့ ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ The X Factor Myanmar Season(2) ရဲ့ သတင်း၊ ဓါတ်ပုံ၊ ဗီဒီယိုတွေကို The X Factor Myanmar Facebook Page မှာ မပြတ်ဖတ်ဖော်ပြပေးမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ...။



Follow us on