1. Home
  2. Myanmar News

မွေးကင်းစကလေးငယ်အား ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်

Myanmar News พ.ค. 03, 2560 view 1,562

မွေးကင်းစကလေးအား ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။

၂၀၁၇ခုနှစ် မေ(၃)ရက်နေ့ မနက်ကိုးနာရီခန့်တွင် မြင်းခြံဆေးရုံ သားဖွားမီးယပ်ဆောင်တောင်ဘက်ရှိ ခုံတန်းပေါ်တွင် မွေးကင်းစကလေးတယောက်အား ချက်ကြိုးတန်းလန်းဖြင့် အထုတ်ထဲတွင့် ထည့်ပြီး လာရောက်စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ အဆိုပါ ကလေးစွန့်ပစ်ထားတဲ့ အထုတ်ငယ်ကို ယနေ့မနက် ကိုးနာရီခန့်တွင်ခုံတန်းပေါ်မှ ခွေးတကောင်မှ ဆွဲချပြီးအောက်ပြုတ်ကျသဖြင့် အနီးနားနေသူများမှ အထုတ်ထဲမှ ကလေးငိုသံကြား၍ ဘေးပတ်ဝန်းကျင်မှတာဝန်ရှိသူများအား အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာမှ အထဲမှကလေးကိုတွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စွန့်ပစ်ခံကလေးငယ်ကို မြင်းခြံဆေးရုံရှိ ကလေးအထူးကြပ်မတ်ဆောင်တွင် ထားရှိပြီး လိုအပ်သောကုသမှုများကိုဆောင်ရွက်ပေးနေပါတယ်။

ကလေးစွန့်ပစ်မှုနဲ့စပ်လျှဉ်းကာ သက်ဆိုင်ရာတာဝန်ရှိသူများသို့အကြောင်းကြားထားကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးနေကြောင်းနောက်ဆုံးရ သတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။



Follow us on