1. Home
  2. Special or Others

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သူနာပြုမလေး

Special or Others พ.ค. 03, 2560 view 2,044

ထိုင်ဝမ်က သူနာပြုမလေး Carina Linn ဟာ အင်စတာဂရမ်မှာ သူ့ရဲ့ဆက်စီကျတဲ့ ပုံတွေကြောင့် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သူနာပြုမလေးလို့ မှည့်ခေါ်ကြပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ Carina ဟာ နေ့ခင်းဘက်မှာ ဆေးရုံကလူနာတွေကို ဂရုစိုက် စောင့်ရှောက်ပေးရတဲ့ သူနာပြုမလေးဖြစ်ပေမယ့် ဂျူတီကုဒ်နဲ့ နှာခေါင်းစည်းလေး ချွတ်လိုက်ပြီး sexy dress လေးကို ၀တ်ဆင်လိုက်ချိန်မှာတော့ တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အလှပိုင်ရှင်လေး တစ်ယောက်ပါ။

"ကျွန်မရဲ့ ပရော်ဖက်ရှင်နယ်က အချိန်ပြည့်သူနာပြု တစ်ယောက်ပါ။ အခုထိလဲ ဆေးရုံမှာ သူနာပြုတစ်ယောက်အဖြစ် လုပ်နေဆဲပါ။ ကျွန်မ ကျော်ကြားချင်လို့ ဓာတ်ပုံရိုက်နေတာ မဟုတ်ပါဘူး။ ကျွန်မကို ပျော်ရွှင်စေတဲ့ အရာတွေကိုသာ ကျွန်မလုပ်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် Carina က "ဂျူတီချိန်မဟုတ်ရင် မော်ဒယ် မလုပ်ရဘူးလို့ စည်းမျဉ်းတွေမရှိပါဘူး"လို့လဲ ပြောပါတယ်။ Carina ကတော့ သူဟာ တော်လွန်းထက်လွန်းနေသူတစ်ယောက် မဟုတ်သလို အရမ်းကြီး လှနေသူမဟုတ်ပေမယ့်လဲ ကျန်းမာသန်စွမ်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသူလေး ဖြစ်ပါတယ်။



Follow us on