1. Home
  2. Special or Others

နောက်ပြောင်ကျီစယ်သည့် YouTube ဗီဒီယိုရိုက်ကူးမှုကြောင့် သားသမီးနှစ်ဦးကို အုပ်ထိန်းခွင့်ဆုံးရှုံးခဲ့ရသည့် ဖခင်

Special or Others พ.ค. 03, 2560 view 1,402

YouTube ပေါ်တွင် နောက်ပြောင်ကျီစယ်သည့် နာမည်ကြီး ဗီဒီယိုချန်နယ်များစွာရှိတဲ့အထဲက “DaddyOFive” သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့နောင်ပြောင်ကျီစယ်သည့် ဗီဒီယိုတွေထဲမှာ ပါဝင်ခဲ့ရသည်ကတော့ သူ့ရဲ့ ကလေးနှစ်ဦးဖြစ်တဲ့ Cody နဲ့ Emma တို့ပဲဖြစ်ပါတယ်။

“DaddyOFive” YouTube ချန်နယ်ကို အားပေးကြသူပေါင်း ၇၆၂,၈၉၆ ရှိတာမို့ အမာခံပရိသတ်အင်အားတောင့်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ ကျီစယ်တဲ့ ဗီဒီယိုတွေထဲမှာ ကလေးတွေ တစ်ကယ်မလုပ်ထားတဲ့ဟာတွေကို (ဥပမာ အိမ်ခန်းထဲမှာ ပစ္စည်းတွေ ဖွထားပြီး) ကလေးတွေ လုပ်ပါတယ်လို့ စွပ်စွဲပြီး ကလေးတွေကို အောင်ငေါက်တာ၊ အပြစ်တင်တာတွေ လုပ်တဲ့အတွက် ကလေးတွေက ကြောက်လန့်ပြီး သူတို့မလုပ်ကြောင်း အသည်းအသန်ရှင်းပြ၊ ကျိန်ပြတဲ့ပုံစံကို ဗီဒီယိုရိုက်ပြီး YouTube မှာ တင်တာဖြစ်ပါတယ်။ ဒီဗီဒီယိုတွေထဲမှာ ကလေးတွေ စိတ်သောက ရောက်နေတာကိုလည်း မြင်တွေ့ရပါတယ်။


မိဘနှစ်ပါးက အိမ်ထောင်ကွဲနေပြီး ကလေးတွေက ဖခင်ဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေစဉ် ယခုကဲ့သို့ ကလေးတွေစိတ်ဒဏ်ရာရစေမယ့် ဗီဒီယိုများကို ရိုက်ကူးပြီး YouTube မှာ လွှင့်တင်တဲ့အတွက် မိခင်ရင်းဖြစ်သူ Rose Hall က အစိုးရထံ ကလေးများကို အရေးပေါ်အုပ်ထိန်းခွင့် လျှောက်ထားခဲ့ရာ ခွင်ပြုခဲ့သဖြင့် ကလေးနှစ်ဦးကို မိခင်က ပြန်လည် အုပ်ထိန်းခွင့်ရခဲ့ခြင်းဖြစ်သည်။


Emma နဲ့ Cody က အခုကျွန်မနဲ့အတူ ရှိနေပါတယ်၊ ကျွန်မက အရေးပေါ်အုပ်ထိန်းခွင့်ရထားပါတယ်။ သူတို့က ကျွန်မရဲ့ သားသမီးတွေကို အရုပ်လို ကျေးကျွန်လို သဘောထားပြီး ကလေးတွေကို ပြန်လိုချင်နေကြတယ်။ သူတို့ရဲ့ ဗီဒီယိုတွေကိုကြည့်ပြီး ကျွန်မရဲ့ ကလေးတွေကို ပြောဆိုအနိုင်ကျင့်နေတာတွေကို တွေ့ရတော့ ကျွန်မရင်ကွဲမတတ်ခံစားရတယ်” ဟု မိခင်ရင်းဖြစ်သူ Rose Hall ကရှင်းပြခဲ့ပါတယ်။


အခုတော့ DaddyOFive YouTube ချန်နယ်က နောက်ပြောင်ကျီဆယ်တဲ့ ဗီဒီယိုတွေကို အများပြည်သူ ကြည့်လို့မရအောင် လုပ်ထားလိုက်ပြီး ဗီဒီယိုဖန်တီးသူ ကလေးတွေရဲ့ဖခင် DaddyOFive နဲ့ သူ့ရဲ့အိမ်ထောင်ဖက်တို့က အားလုံးကိုတောင်းပန်ထားတဲ့ ဗီဒီယိုကိုသာ တင်ထားပါတယ်။
ဗီဒီယိုထဲမှာတော့ သူတို့ဟာ သရုပ်ဆောင်ခြင်းသက်သက်သာ ဖြစ်ကြောင်း၊ အချို့ဗီဒီယိုတွေဟာ ကြိုတင်ပြင်ဆင် ဇာတ်တိုက်ပြီးမှ ရိုက်ကူးထားတာဖြစ်ကြောင်းနှင့် ကြည့်ရှုသူအပေါင်းရဲ့ စိတ်မှာ ကလေးတွေကို တစ်ကယ်ဆူငေါက်နေတယ်လို့ ထင်သွားရင်တောင်းပန်ကြောင်းနှင့် နောင်ပြောင်ကျီစယ်မှုသဘောမျိုးသာ ရိုက်ကူးခဲ့ပြီး ကလေးတွေကို တစ်ကယ်နှိပ်စက်တာမဟုတ်ကြောင်း စသည်ဖြင့် တောင်းပန်ခဲ့ကြပါတယ်။

 

YouTube ဗီဒီယိုဖန်တီးသူတွေဟာ ကြည့်ရှုသူများရင် များသလောက် ကြည့်ရှုတဲ့ အရေအတွက်ပေါ်မူတည်ပြီး ဝင်ငွေပြန်ရတာကြောင့် အွန်လိုင်းစီးပွားရေးတစ်ရပ်အနေနဲ့ ရိုက်ကူးတင်ဆက်တဲ့ ချန်နယ်တွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေခဲ့ခြင်းဖြစ်ပါတယ်။
 



Follow us on