ကမ္ဘာကျော်ဟောလိဝုဒ် ရုပ်ရှင်မင်းသားနှင့် မင်းသမီးတွေဖြစ်ကြတဲ့ ဘရက်ပစ် နဲ့ အင်ဂျလီနာဂျိုလီ တို့ဟာ တရားဝင်ကွာရှင်းဖို့ကိစ္စအတွက် စောင့်ဆိုင်းနေစဉ် အချိန်အတွင်းမှာ မင်းသား ဘရတ်ပစ်ထံမှ ပထမဆုံး ရင်ဖွင့်စကားသံကို GQ Style မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိသူခံစားကြုံတွေ့နေရတဲ့ အရာအားလုံးဟာ သူ့ဘဝမှာ အထိအနာဆုံးဖြစ်တယ်လို့ ဖွင့်ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘရတ်ပစ်ဟာ သူတို့ရဲ့ ၁၅ နှစ်အရွယ် သားဖြစ်သူကို လေယာဉ်ပေါ်မှာ ရင့်ရင့်သီးသီးဆက်ဆံခဲ့တယ်ဆိုတဲ့ ပြစ်ချက်နဲ့ နောက်တစ်နေ့မှာပဲ အင်ဂျလီနာက တရားရုံးတော်မှာ တရားဝင်ကွာရှင်းဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရတ်ပစ်ဟာ အဲဒီအချိန်ထဲက အရက်ဖြတ်ထားကာ ကုသမှုခံယူနေခဲ့ပါတယ်။ သူတို့ရဲ့ သားသမီး ခြောက်ယောက်ကို အတူတူမျှဝေအုပ်ထိန်းဖို့ ဂျိုလီနဲ့ သူတို့နှစ်ဦး သဘောတူညီမှုရထားတယ်လို့ ဘရတ်ပစ်ကဆိုပါတယ်။
“ကလေးတွေအတွက် အရမ်းကို ထိခိုက်နစ်နာပါတယ်၊ ရုတ်တရက်ကြီး မိသားစုက တစ်ကွဲစီဖြစ်သွားတာဆိုတော့လေ” ဟု ဘရတ်ပစ်က ပြောသည်။
သူ့အနေနဲ့ အလုပ်ကိုလျှော့လုပ်ပြီး ကလေးတွေအတွက် အချိန်ပိုပေးမယ်လို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ အင်ဂျလီနာဂျိုလီက ဘရတ်ပစ်နဲ့ ကွာရှင်းဖို့ ၂၀၁၆ စက်တင်ဘာလက တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပြီး ဘရတ်ပစ်လည်း အဲ့ဒီနေ့ကစပြီး အရက်ကို လုံးလုံးဖြတ်ခဲ့ပါတယ်။