1. Home
  2. Special or Others

Live video တွေကို စောင့်ကြည့်ဖို့ Facebook က ဝန်ထမ်း ၃,၀၀၀ ထပ်ခန့်မည်

Special or Others พ.ค. 04, 2560 view 1,422
Facebook Live video တွေမှာ လူသတ်တာတွေ၊ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တာတွေ စသည်ဖြင့် အမြင်မသင့်တော်သည့် Live video များကို မပြတ်စောင့်ကြည့်က ချက်ချင်းဖယ်ရှားသွားနိုင်အောင် ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်ကို လာမည့်နှစ်မှာ ထပ်မံခန့်အပ်သွားမည်ဟု Facebook INC ၏ အကြီးအကဲဖြစ်သူ Mark Zuckerberg က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
 
Facebook က လွန်ခဲ့တဲ့ နှစ်ကစလို့ အသုံးပြုသူတွေကို တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်နိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်ပေးခဲ့ပါတယ်။ ချက်ခြင်းဆိုသလိုပင် အဆိုပါလုပ်ဆောင်ချက်ကို အသုံးချပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဗီဒီယိုထုတ်လွှင့်လာတာမျိုးတွေ ရှိခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ စာသားတွေ Facebook ပေါ်ရေးတင်မှုတွေကို စိစစ်ဖို့ ဝန်ထမ်း ၄,၅၀၀ ကို ခန့်ထားပြီးဖြစ်ကြာင်း ဇူကာဘတ်ခ်က ပြောကြားခဲ့သည်။
 
လွန်ခဲ့သည့် ရက်သတ္တပတ်က ထိုင်းနိုင်ငံတွင် လသားအရွယ်သမီးငယ်ကို ကြိုးဆွဲချသေစေခဲ့ပြီး ကိုယ်တိုင်လည်း ကြိုးဆွဲချခဲ့သည့် ဖြစ်ရပ်ကို Facebook Live လွှင့်ခဲ့ရာ တစ်ရက်ထဲမှာပင် ကြည့်ရှုသူ ၃၇၀,၀၀၀ ရှိခဲ့သည့်အတွက် Facebook က ပြန်လည် ဖြုတ်ချပေးခဲ့ရသည်။ အလားတူ အဖြစ်အပျက် ဗီဒီယိုများ နိုင်ငံနဲ့အဝှမ်းမှာ ရှိနေခဲ့ပြီး ကြည့်ရှုမိသူတွေအတွက် ထိတ်လန့်တုန်လှုပ်စရာဖြစ်ခဲ့ရသည်။
 
ဒီလို ဗီဒီယိုမျိုးတွေကို Report တင်ဖို့လွယ်ကူအောင် ကျွန်တော်တို့ လုပ်ဆောင်နေပါပြီ၊ ပြီးရင်တော့ ကျွန်တော်တို့ ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုးကို ချက်ခြင်းပေးနိုင်မှာပါ” ဟု ဇူကာဘတ်ခ်က ပြောကြားသည်။
 
Facebook သည်ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ယက်တစ်ခု ဖြစ်ကာ တစ်လလျှင် အသုံးပြုသူ ၁,၉ ဘီလီယံရှိသည်။ နည်းပညာအကူအညီဖြင့် ညစ်ညမ်းဗီဒီယိုများ၊ ဓါတ်ပုံများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် စက်ဆုတ်ဖွယ်ရာများဟု ယူဆသော အကြောင်းအရာများကို အလိုလျောက် စုံစမ်းထောက်လှမ်းနိုင်သည့် စနစ်ကို ထည့်သွင်းထားပြီးဖြစ်သည်။ 
 
အလားတူနည်းပညာကို အသုံးပြုကာ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် အလားအလာရှိသည်ဟု ယူဆရသော အသုံးပြုသူများကို ထောက်လှမ်းဖော်ထုတ်သွားရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
 


Follow us on