1. Home
  2. Myanmar News

နေပြည်တော်တွင် ယာဉ်ထိန်းရဲအယောင်ဆောင်သူအား ဖမ်းဆီးရမိ

Myanmar News พ.ค. 04, 2560 view 1,581
နေပြည်တော် လယ်ဝေးမြို့နယ် အေလာမြို့၊ ရွာသစ်မြို့ရှောင်လမ်းမပေါ်တွင် ယာဉ်ထိန်းရဲဝတ်စုံဝတ်ဆင်ထားသည့် မသင်္ကာဖွယ်ရာလူတစ်ဦးကို လှည့်ကင်းအဖွဲ့မှ တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်ခဲ့ရာ ယာဉ်ထိန်းရဲအယောင်ဆောင်ကာ ငွေကြေးရယူနေသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
 
ဖြစ်စဉ်မှာ မေလ ၂ရက်နေ့ည ၁၁ နာရီတွင် မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် လှည့်ကင်းဆောင် ရွက်နေသောနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်အောင်နှင့် ဦးစီးအဖွဲ့သည် လှည့်ကင်းဆောင်ရွက်စဉ် မြို့ရှောင်လမ်းမိုင်တိုင်အမှတ် ၇/၃ ပိတောက်ချောင်းကျေးရွာအုပ်စု ချောင်းစောက်ရိုးအနီး ယာဉ်ထိန်း ရဲများက ကားများတားကာ စစ်ဆေးနေသဖြင့် မသင်္ကာ၍ ရပ်တန့် ကြည့်ရှုရာတွင် ယာဉ်ထိန်းရဲဝတ် စုံဝတ်ထားသူ သုံးဦးမှာထွက်ပြေးသွားခဲ့သည်။
 
 
ထွက်ပြေးသွားသူများနောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ဖမ်းဆီးရမိသူမှာ ဒုတပ်ကြပ်အဆင့်ရှိသော ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ထားသော ပျဉ်းမနားမြို့ အောင်ချမ်းသာရပ်ကွပ်နေသူ ရန်နိုင်ဦး(အသက် ၂၅ နှစ်) ဖြစ်သည်။ ရောင်ပြန်အင်္ကျီ၊ ငွေကျပ် ၁၀,၅၀၀ နှင့် ချလံစာအုပ်အတု တစ်အုပ်၊ ယာဉ်ထိန်းရဲဝတ်စုံတို့ကို သက်သေခံအဖြစ်ဖမ်းဆီးရမိခဲ့သည်။
 
တရားခံအား ဆက်လက်စစ်ဆေးရာ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးမှာ  ပျဉ်းမနား ပုရွက်ဆိတ်ကုန်း ရွာမှ ကျော်မင်းသူ၊ ကိုရင်(ခ)ဇင် အောင် တို့ဖြစ်ကြောင်းသိရှိရသည်။ အမှုကို အေလာ နယ်မြေရဲစခန်းမှ (ပ)၁ဝ၉/၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၁၇ဝ/၄၂ဝ/ ၄၆၈ ဖြင့်အမှုဖွင့်ကာ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း The Union Dail သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 


Follow us on