1. Home
  2. Myanmar News

အိမ်ခြံမြေအကျိုးဆောင်လုပ်မည်ဟုဆိုကာ ငွေကျပ် ၁၀ ဘီလီယံ လိမ်လည်ထွက်ပြေး

Myanmar News พ.ค. 04, 2560 view 1,502

မန္တလေးမှ MMM 88 အမည်ရ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဟာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်မည်ဟုဆိုကာ အစုရှယ်ယာရှင်များ ဖိတ်ခေါ်ခဲ့ပြီး ရှယ်ယာဝင် တစ်ရာကျော်ထံမှ ငွေကျပ် ၁၀ ဘီလီယံခန့် လိမ်လည်ထွက်ပြေးနေတယ်လို့ သိရပါတယ်။

အဆိုပါ ကုမ္ပဏီမှာ ရှယ်ယာထည့်ဝင်ထားကြတဲ့ ရှယ်ယာရှင် တစ်ရာကျော်ဟာ ရှယ်ယာထည့်ဝင်ထားတာ သုံးလကျော် ကြာပေမယ့် ကုမ္ပဏီဘက်မှ အကျိုးအမြတ်ရော စာရင်းရှင်းတမ်းတွေပါ ရောက်မလာတဲ့အပြင် လူကိုပါဆက်သွယ်မရတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

MMM88 Construction Group Co,Ltd ဟာ မန္တလေး ၊ ရန်ကုန် ၊ ပြင်ဦးလွင်နဲ့ မူဆယ်တို့တွင် ဟိုတယ်နဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပေမယ့် ယင်းလုပ်ငန်းများဟာ ခေတ္တငှားရမ်းထားတဲ့ ဟန်ဆောင်လုပ်ငန်းများသာဖြစ်ပြီး ရုံးခန်းအားလုံးလဲ ပိတ်ပြီး လုပ်ငန်းများ ရပ်ဆိုင်းထားတယ်လို့ ၂၀၁၆ အောက်တိုဘာလမှာ ကျပ်သိန်းတစ်သောင်းကျော် ရှယ်ယာထည့်ဝင်ထားတဲ့ ဦးဆန်းထက်ကိုကိုက ပြောပါတယ်။

လိမ်လည်ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်စန္ဒာမြင့်သည် ကုမ္ပဏီအား ဒါရိုက်တာ အဖွဲ့ဝင် လေးဦးဖြင့် ဖွဲ့စည်းထားပြီး မိခင်ဖြစ်သူ ဒေါ်ကော့ဆိုင်းလန့် နဲ့ ချစ်သူ ဦးတင်အောင်ဝင်းတို့လဲ ဒါရိုက်တာအဖွဲ့ဝင်မှာ ပါဝင်နေပြီး လောလောဆယ်မှာတော့ ဒေါ်စန္ဒာမြင့်ဟာ ဒါရိုက်တာအဖွဲ့ဝင် ချစ်သူ ဦးတင်အောင်ဝင်းနဲ့အတူ ဧပြီ ၂ ရက်ကတည်းက ပျောက်ဆုံးနေပါတယ်။

ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်ကော့ဆိုင်းလန့်ဟာလဲ မိတ်ဆွေတွေနဲ့ သူကိုယ်တိုင်အပါအ၀င် ကျပ် သိန်းနှစ်သောင်းကျော်ခန့် ရှယ်ယာအနေနဲ့ ပြန်ထည့်ထားခဲ့ပြီး သမီးဖြစ်သူဟာလဲ ရှယ်ယာရှင်တွေကိုရော မိသားစုကိုပါ ဧပြီ ၂ ရက်တည်းက အဆက်အသွယ်မလုပ်ကြောင်း ပြောပြခဲ့ပါတယ်။

ရှယ်ယာရှင် ဒေါ်ဝုရင်ထိန် နှင့် အခြားခုနစ်ဦးသည် ၎င်းတို့၏ ထည့်ဝင်ငွေ ကျပ်ဆယ်ဘီလီယံ (ကျပ်သိန်း ၁၀၈,၈၀၀) ကို ပြန်လည်ရယူလိုမှုဖြင့် မန္တလေး မြို့အမှတ် (၉) ရဲစခန်းတွင် ဒေါ်စန္ဒာမြင့်ကိုအမှုဖွင့်ထားကြောင်းသိရသည်။

Ref : 7Day News

 
 
========================================
 
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
 
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။
 
 


Follow us on