1. Home
  2. Special or Others

ကာတွန်းကားကိုအတုခိုးပြီး ၁၀ ထပ်တိုက်ပေါ်မှ ခေါက်ထီးဖွင့်ကာ ခုန်ချခဲ့တဲ့ (၇)နှစ်သားလေး(ရုပ်/သံ)

Special or Others พ.ค. 04, 2560 view 1,831
တရုပ်နိုင်ငံ ဆူကျိုးမြို့ရှိ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး နေအိမ် ၁၀ ထပ်တိုက်ပေါ်မှ ရိုးရိုးထီးတစ်ချောင်းကို လေထီးသဖွယ်အသုံးပြုကာ ဖွင့်ပြီးခုန်ချခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
ကလေးငယ်သည် တီဗီမှ သူကြည့်ခဲ့ဖူးသည့် ကာတွန်းကားတစ်ကားကို အတုယူကာ ကာတွန်းကားထဲ့ကအတိုင်း ခုန်ချခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းသတင်းဌါန တစ်ခုက ဖော်ပြခဲ့သည်။ ခေါက်ထီးအနီရောင်လေး ပွင့်လျှက်အနေအထားနှင့် ကွန်ကရစ်လမ်းမပေါ်တွင် ခွေခွေလေးလဲနေသော ကလေးငယ်၏ အဖြစ်ကို မိခင်မြင်တွေ့ရသည့်အခါ ဆောက်တည်ရာမရ ရင်ကွဲမတတ်ငိုကြွေးနေသည်ကို ဝိုင်းအုံကြည့်နေသော လူအများကြားထဲတွင် မြင်တွေ့ခဲ့ရသည်။
 
ကံကောင်းထောက်မစွာဖြင့် ဓါတ်ကြိုးများပေါ်မှ တစ်ဆင့် ပြုတ်ကျခဲ့သဖြင့် ကလေးငယ်မှာ အသက်မသေဆုံးခဲ့သော်လည်း ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
 
 
 
========================================
 
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
 
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။
 
 


Follow us on