1. Home
  2. Movie Stars - Celebrity

ရန်လာဖြစ်ဖို့ ဖိတ်ခေါ်လိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

Movie Stars - Celebrity พ.ค. 04, 2560 view 1,577

ဇာတ်ကားကောင်းကောင်းလေးတွေနဲ့ ပရိသတ်အသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာ ညိုမင်းလွင်က ကြားသုံးကြား မ၀င်ရဘူးဆိုတဲ့ ရှေးလူကြီးတွေ စကားကို ဆန့်ကျင်ပြီး အစီအစဉ်တစ်ခုမှာ ဒိုင်အဖြစ် ပါဝင်ရိုက်ကူးနေပါပြီ။

အစီအစဉ်လေးနာမည်က Funny Family War ပါ။ မြ၀တီ Documentary Channel ရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး တခြားအစီအစဉ်တွေနဲ့မတူ ထူးခြားတဲ့အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ လင်မယား၊ သမီးယောက္ခမ ၊ ညီအစ်ကို မောင်နှမတွေကြား ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကို တကယ့်အပြင်က မိသားစုဝင်တွေအချင်းချင်းကို မျက်နှာစုံညီ ရန်တိုက်ပေးရင်း ဒိုင်လူကြီးတွေကပါ ရန်ဖြစ်ရမယ့် အစီအစဉ်ဖြစ်ပါတယ်။

တစ်ဘက်နဲ့တစ်ဘက် ကူညီပြီးရန်ဖြစ်ကြရင်းမျှတတဲ့ အမြင်လေးတွေထွက်လာပြီး ပရိသတ်အတွက်လဲ ပျော်စရာလေးတွေဖြစ်စေတဲ့အပြင် နောက်ဆုံးမှာလဲ ပြန်လည်အဆင်ပြေသွားတဲ့ မိသားစုဝင်တွေကို Game လေးကစားစေပြီး အနိုင်ရခဲ့ရင်တော့ သိန်းနှစ်ဆယ် ဆုချီးမြှင့်မယ့်အစီအစဉ်လဲ ပါဝင်ပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံမှာ အောင်မြင်နေတဲ့ အစီအစဉ်တစ်ခုကို တရားဝင်ဝယ်ယူပြီး ထိုင်းဒါရိုက်တာနဲ့ ပူးပေါင်းရိုက်ကူးထားတာလဲ ဖြစ်ပါတယ်။  

“အခက်အခဲတစ်ခုကို အတူတူဖြတ်ကျော်ရခြင်းက ပြန်ပြေလည်ပြီးခါစ လူနှစ်ဦးကို ပိုပြီးရင်းနှီးသွားစေတာ အမှန်ပါပဲ” လို့လဲ ဒါရိုက်တာ ညိုမင်းလွင်က သူ့အမြင်ကို သူ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖုန်းနံပါတ် 01-209440, 01-209441 နဲ့ 01-209442 တို့ကိုဆက်သွယ်ပြီး လာပြီး ရန်ဖြစ်လို့ရတယ်လို့ ညိုမင်းလွင်က ဖိတ်ခေါ်ထားပါတယ်။



Follow us on