1. Home
  2. Special or Others

ထိုက်ချိနဲ့ MMA (သိုင်းပေါင်းစုံ) ပညာပြိုင်သည့် ဗီဒီယို ပြစ်တင်ဝေဖန်ခံနေရ

Special or Others พ.ค. 04, 2560 view 1,466
တရုပ်ရိုးရာ ထိုက်ချိသိုင်းပညာရှင် Wei lei နှင့် ပေကျင်းမြို့မှ သိုင်းပေါင်းစုံထိုးသတ်သူ Xu Xiaodong တို့ အွန်လိုင်းပေါ်တွင် တရုပ်ရိုးရာသိုင်းနှင့် ပက်သက်ပြီး အငြင်းပွာကာ အစာမကြေဖြစ်ခဲ့ကြပြီး ဧပြီလ ၂၇ ရက်နေ့တွင်  ပညာချင်းယှဉ်ပြိုင် လက်တွေ့ထိုးသတ်ရန် ချိန်းဆိုခဲ့ကြသည်။
 
ပြဿနာ၏ အစမှာ လွန်ခဲ့သည့် ၆ လောက်ခန့်က Xu က တရုပ်လူမှုကွန်ယက်ရှိ ထိုက်ချိဆရာ Wei ၏ရေးသားမှုအောက်တွင် ထိုက်ချိဟာ ဟန်ပြသက်သက်သာဖြစ်ကြောင်း ကွန်မန့်ဝင်ရေးရာမှ စတင်ခဲ့သည်။
အသက် ၄၁ နှစ်အရွယ် Wei က ထိုက်ချိပညာကို စော်ကားသည့် သိုင်းပေါင်းစုံ အားကစားသမား Xi (အသက် ၃၈ နှစ်) ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ခဲ့ပြီးနောက် ချန်ဒူးမြို့ရှိ သိုင်းကလပ်တစ်ခုတွင် ချိန်းဆိုကာ ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
 
 
ပြိုင်ပွဲမစမီမှာ ထိုက်ချိပညာရှင် Wei က တရုပ်ရိုးရာသိုင်းမှာ အခရာဖြစ်သည့် “မိုးကြိုးသိုင်းကွက်” နှင့် နှိပ်ကွပ်မည်ဟု တွေးမှတ်ထားခဲ့သည်။ သို့သော် တစ်ကယ့်လက်တွေ့မှာတော့ ၁၀ စက္ကန့်ပင်မကြာလိုက်ပဲ ထိုက်ချိဆရာမှာ မြေပေါ်တွင် အလူးအလဲထိုးသတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် သိုင်းပေါင်းစုံပညာရှင်ကို ဒိုင်လုပ်သူမှ အနိုင်ပေးခဲ့ပြီး ထိုက်ချိဆရာ၏ မျက်နှာမှာတော့ သွေးအလိမ်းလိမ်းနှင့် ကျန်ခဲ့သည်။
 
 
အဆိုပါဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ကြည့်ရှုသူများပြားခဲ့ပြီး သိုင်းပေါင်းစုံ ကစားသမား Xi အား တရုပ်ရိုးရာ သိုင်းပညာ၏ အားနည်းချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့သည့်အတွက် ဝိုင်းဝန်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။
 
 
 
========================================
 
MYANMAR's GOT TALENT 2017 ပါရမီရှင်ရွေးပွဲကြီး ပြန်လာပါပြီ
 
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။
 
 


Follow us on