1. Home
  2. Special or Others

တိမ်မြုတ်နေသော သဘာဝကျောက်လှိုက်ဂူများကို ရှမ်းပြည်နယ်တွင် ထူးဆန်းစွာ ရှာဖွေတွေ့ရှိ

Special or Others พ.ค. 05, 2560 view 1,744
ဟိုပုံးမြို့မှ ကိုရင်လေးတစ်ပါး၏ မိန့်မှာချက်ကြောင့် လိုက်လံရှာဖွေခဲ့ရာ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လင်းဝေးကျေးရွာတွင် တိမ်မြုတ်ပျောက်ဆုံးနေသော သဘာဝကျောက်လှိုဏ်ဂူကြီးများကို တူးဖော်တွေ့ရှိခဲ့ရသည်။ ထူးဆန်းသည်မှာ ဟိုပုံးမြို့မှ ကိုရင်လေးသည် လယ်ဝေးကျေးရွာသို့ တစ်ခါမှရောက်ဖုးခဲ့ခြင်းမရှိကြောင်း သိရသည်။
 
 
ဟိုပုံးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့  လယ်ဝေးကျေးရွာမှ ကိုရင်တစ်ပါး ရောက်ရှိနေစဉ် အဆိုပါကျောင်း၌ သီတင်းသုံးနေသော ကိုရင်လေးတစ်ပါး(လယ်ဝေးသို့ လုံးဝမရောက်ဖူးသူ)က ခေါ်ယူကာ ရွာရဲ့ ဘုန်းတော်ကြီးကျောင်း အရှေ့ဖက်တွင် ဂှုရှိကြောင်း တန်ဖိုးရှိတဲ့ပစ္စည်းများ ရှိတဲ့အတွက် ထိန်သိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
 
 
 
ကိုရင်လည်း ရွာသို့ပြန်ရောက်သည့်အခါ ရွာသူရွာသားများနှင့် ကျောင်းထိုင်ဆရာတော်ကို လျှောက်တင်ပြီး စုပေါင်းရှာဖွေခဲ့ကြရာ ကျောက်လှိုဏ်ဂူပေါက်နေရာကို မြေကြီးကုန်းတစ်နေရာမှ တူဖော်တွေ့ရှိခဲ့သည်။ ဂူ၏ အရှည်နှင့် အမြင့်ပေကို ခန့်မှန်းနိုင်ခြင်းမရှိသေးပေ။ ဂူအတွင်းတွင် ကျယ်ပြန့်နေပြီး လင်းလက်နေကာ ဘုရားပုံတော်၊ ဖားရုပ်ပုံ ရေအိုင်ငယ်၊ ကျောက်စက်ပန်းဆွဲများနှင့် စလင်းကျောင်များကိုလည်း ထူးဆန်းစွာတွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။
 
 
 
တည်နေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့မှ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကျောက်ကြမ်းလမ်း ၆ မိုင်ခန့် သွားရကြောင်း သိရှိရသည်။
 
source: New Yearyearw


Follow us on