1. Home
  2. Myanmar News

အလုပ်ပွဲစားများကြောင့် တရုပ်နိုင်ငံတွင် ထောင်ကျပြီး ပြန်လည်လွတ်မြောက်လာသူ မြန်မာအလုပ်သမားများအား နေရပ်သို့ပို့ဆောင်

Myanmar News พ.ค. 05, 2560 view 1,425
တရုပ်နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲရသော မြန်မာအလုပ်သမားများ တရုပ်နိုင်ငံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် နေရပ်သို့ ပြန်နိုင်ရန် လားရှိုးမြို့ မာန်ဆူဆရာတော်မှ  စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။
 
အလုပ်အကိုင်ပွဲစားများက အလုပ်ရမည်ဟုဆိုကာ မြန်မာနိုင်ငံတွင်းမှ လုပ်သမားများကို ဖေဖော်ဝါရီလက တရုပ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့စဉ် တရုပ်နိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကာ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထောင်ချခဲ့သည်။ ထောင်ကျနေသူများထဲမှ အလုပ်သမား အယောက် ၂၀ ကို ချုပ်ရက်စေ့သဖြင့် မေလ ၂ ရက်နေ့က ဒုတိယအသုတ်အဖြစ် ထပ်မံလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
 
လွတ်မြောက်လာသူများကို တရုပ်နိုင်ငံနယ်စပ် လောက်ကိုင်မြို့မှတစ်ဆင့် လားရှိုးမြို့သို့ မေလ ၃ ရက်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ကြသည်။ လားရှိုးမြို့မှ နေ၍ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် မာန်ဆူဆရာတော်က ၁၂ ဘီးကားတစ်စီး စီစဉ်ပေးကာ မေလ ၄ ရက်နေ့က မန္တလေးမြို့သို့ ပိုင်ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။
 
လူပွဲစား၊ အလုပ်ပွဲစားများကြောင့် တရုပ်ပြည်ထဲတွင် ဒုက္ခအကြီးအကျယ်ရောက်နေသူများစွာရှိနေပြီး၊ သက်ဆိုင်ရာမှ လူကုန်ကူးသူများကို ဖမ်းဆီးဖေါ်ထုတ်အရေးယူရန်နှင့် ပြည်သူများကိုယ်တိုင်ကလည်း လူပွဲစား၊ အလုပ်ပွဲစားများ ပြောသမျှဆိုသမျှကို မယုံကည်ကြရန် လူမှုကူညီရေးအသင်းမှ ကိုမောင်မောင်သန်းက ပြောကြားခဲ့သည်။
 
Source:မြစ်မခ
 


Follow us on